www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဂီတဖျော်ဖြေပွဲ. Show all posts
Showing posts with label ဂီတဖျော်ဖြေပွဲ. Show all posts

Monday, August 24, 2015

Iron Cross တေးဂီတအဖွဲ့ စက်တင်ဘာလတွင် ရေဘေးသင့် ပြည်သူများအတွက် ရန်ပုံငွေရှာဖွေပွဲ ထပ်မံ ကျင်းပမည်



ရန်ကုန် ၊ ၂၄-၈-၂၀၁၅

Iron Cross တေးဂီတအဖွဲ့ ဖျော်ဖြေမှုကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် ၌ စက်တင်ဘာ ၆ ရက် ည ၇ နာရီမှစ၍ သီဆို ဖျော်ဖြေပွဲကို ထပ်မံ ကျင်းပကာ ရေဘေးသင့် ပြည်သူများ အတွက် ရန်ပုံငွေ ရှာဖွေပေး သွားမည် ဖြစ်ကြောင်း သိရသည်။  ပရိသတ် များစွာ၏ အားပေးမှုကို ရရှိထားသော IC အဖွဲ့သည် ပထမအကြိမ် ဖျော်ဖြေမှုမှ ရရှိသော ငွေများကို ရေဘေးသင့် ပြည်သူများ ထံသို့ လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း မှ ဦးစီး၍ ရေဘေးသင့် ပြည်သူများ အတွက် Iron Cross တေးဂီတအဖွဲ့မှ ပထမဆုံး အကြိမ် ဖျော်ဖြေပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ Iron Cross အဖွဲ့မှ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းပွဲ တွင် ရေဘေးသင့် ပြည်သူများ အတွက် ငွေကျပ် သိန်းပေါင်း တစ်သောင်း ကိုးထောင် ငါးရာကျော် ကို ရှာဖွေပေးနိုင် ခဲ့ကြောင်း သိရသည်။ ဖျော်ဖြေပွဲမှ ရရှိလာသော အကျိုးအမြတ်များ အားလုံး ကိုလည်း ရေဘေးသင့် ပြည်သူများထံသို့ လှူဒါန်းမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

IC အဖွဲ့၏ ရေဘေးသင့် ပြည်သူများ အတွက် ဒုတိယအကြိမ် ရန်ပုံငွေ ထပ်မံရှာဖွေ ပေးသောပွဲကို Bagan Entertainment မှ စီစဉ် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း ဖျော်ဖြေပွဲတွင် Iron Cross အဖွဲ့၏ ပင်တိုင် အဆိုတော်များ ဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ဝိုင်ဝိုင်းတို့က ဖျော်ဖြေ ပေးမည်ဖြစ်ကာ လက်မှတ်များကို အများ ပြည်သူများ ကြည့်ရှုနိုင်ရန် ကျပ် ၅ဝဝဝ သတ်မှတ်၍ ရောင်းချ ပေးနေကြောင်း သိရသည်။

သီရိ

မြဝတီနေ့စဉ် ၊ စာ(၂၄)

#Themyawadydaily

Wednesday, September 24, 2014

မိဘမဲ့ တိုင်းရင်းသား လူငယ်လေးများအား ကူညီထောက်ပံ့ရန် ရန်ပုံငွေရှာဖွေရေး ဂီတဖျော်ဖြေပွဲ ကျင်းပမည်



ရန်ကုန် ၊ ၂၄-၉-၂၀၁၄

မြန်မာနိုင်ငံ တောင်ပေါ်ဒေသ များရှိ မိဘမဲ့ တိုင်းရင်းသား လူငယ်များ ၏ ကျန်းမာရေး နှင့် ပညာရေး ဆိုင်ရာ ကဏ္ဍများတွင် ကူညီထောက်ပံ့ ပေးနိုင်ရန် ရည်ရွယ်ချက် ဖြင့် ပြည်တွင်းမှ နာမည်ကျော် ဂီတ အနုပညာရှင် များနှင့် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့များ ပူးပေါင်းကာ ရန်ပုံငွေ ရှာဖွေရေး ဂီတ ဖျော်ဖြေပွဲ တစ်ခုကို ရန်ကုန်မြို့၌ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ရန်ပုံငွေ ရှာဖွေရေး ဂီတ ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၈ ရက်တွင် ရန်ကုန်မြို့ မြို့မ ကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ ၌ ကျင်းပရန် စီစဉ်ထားပြီး နာမည်ကြီး အဆိုတော်များ ဖြစ်ကြသော ဂရေဟမ်၊ ဘိုဖြူ၊ စုမီ၊ စိုင်းလိတ်၊ စိုင်းထက်လျှောင်း စသည့် ဂီတ အနုပညာရှင် များ၊ ရှမ်း၊ လီဆူး၊ ပအိုးဝ် တိုင်းရင်းသား အဆိုတော် များနှင့် ယဉ်ကျေးမှု အကအဖွဲ့ များ ပါဝင် ဖျော်ဖြေ တင်ဆက်မည် ဖြစ်ကြောင်း သိရသည်။

''အခု ပြုလုပ်မယ့် ရန်ပုံငွေ ရှာဖွေရေး ဂီတ ဖျော်ဖြေပွဲကို စီစဉ်ရတဲ့ ရည်ရွယ်ချက် က ရှမ်းပြည်နယ် မှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေ၊ ခရစ်ယာန် စာသင်ကျောင်း တွေနဲ့ မယ်သီလရှင် ကျောင်းတွေမှာ ရှိတဲ့ မိဘမဲ့ တိုင်းရင်းသား လူငယ်လေး တွေရဲ့ နောင် အနာဂတ် ဖွံ့ဖြိုး တိုးတက် လာဖို့အတွက် သူတို့ရဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ကူညီ ထောက်ပံ့ ပေးချင်လို့ပါ .. '' ဟု ယင်း ဂီတ ဖျော်ဖြေပွဲ ဖြစ်မြောက်ရေး တွင် စီစဉ် ဆောင်ရွက် နေသော Shanyoma Entertainment မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုကဲ့သို့ ဂီတ ဖျော်ဖြေပွဲမှ ရရှိလာသော ရန်ပုံငွေ များကို တောင်ပေါ် ဒေသများရှိ စာသင်ကျောင်း အချို့အား လှူဒါန်း သွားမည့် အပြင် နောက်ထပ် အလှူရှင်များ ထပ်မံ ပေါ်ထွက်လာ စေရန် အတွက်လည်း ကြိုးပမ်း
ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု လက်ရှိတွင် အဆိုပါ ရန်ပုံငွေ ရှာဖွေရေး ဂီတ ဖျော်ဖြေပွဲမှ ရရှိလာသော ငွေကြေးများကို တောင်ကြီးမြို့ရှိ စာသင်ကျောင်း ငါးကျောင်း၊ လားရှိုးမြို့ရှိ စာသင်ကျောင်း နှစ်ကျောင်း၊ မူဆယ်မြို့ရှိ စာသင်ကျောင်း နှစ်ကျောင်း နှင့် မိုးကုတ်မြို့ရှိ စာသင်ကျောင်း တစ်ကျောင်း တို့ကို လှူဒါန်း သွားရန် ရည်ရွယ် ထားကြောင်း သိရှိရသည်။

ဆောင်းဦး

#Themyawadydaily

Monday, May 20, 2013

SEA GAMES အကြို လှုံ့ဆောင်မှုတွင် နိုင်ငံ ငါးနိုင်ငံမှ နာမည်ကြီး အဆိုတော်များ လာရောက် ဖျော်ဖြေမည်



ရန်ကုန် ၊ ၂၀-၅-၂၀၁၃

မြန်မာနိုင်ငံ တွင် ဒီဇင်ဘာလ အတွင်း (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီး ကို အိမ်ရှင်အဖြစ် ကျင်းပမည် ဖြစ်ရာ ပြည်သူများ အနေဖြင့် အဆိုပါ ပြိုင်ပွဲကြီး ကို စောင့်မျှော်လျက် ရှိကြသည်။ အနုပညာရှင် များ အနေဖြင့်လည်း Sea Games ပြိုင်ပွဲ အတွက် တေးသီချင်းများ ၊ သရုပ်ဆောင် မှုများ နှင့် လှုံ့ဆော် ပေးမှုများ၌ တက်ကြွစွာ ပါဝင် လှုပ်ရှာလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ တွင်သာမက နိုင်ငံပေါင်း များစွာမှလည်း Sea Games ပွဲကြီးကို စောင့်မျှော်လျက် ရှိရာ လာမည့် ဇူလိုင်လ အတွင်းတွင် ရန်ကုန်မြို့ သို့ နိုင်ငံ ငါးနိုင်ငံ မှ အဆိုတော်ကြီး များက ဆီးဂိမ်း လှုံ့ဆော်မှု ဆိုင်ရာ ရှိုးပွဲများ လာရောက် ဖျော်ဖြေ ကြမည် ဖြစ်ကြောင်း သိရသည်။ ကနေဒီယန် ၊ ထိုင်းနိုင်ငံ နှင့် ဂျာမနီ နိုင်ငံ တို့မှ လာရောက် ဖျော်ဖြေရန် ကမ်းလှမ်းမှု ကို လက်ခံ ရရှိထားပြီး ကျန်နိုင်ငံများ မှလည်း လက်ခံမှု ရရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အဆိုပါ ရှိုးပွဲကြီး များကို Free Show အဖြစ် တင်ဆက်နိုင်ရန် ကြိုးစားလျက် ရှိကြောင်း သိရှိရသည်။

Saturday, January 12, 2013

ကလျာဏ မိတ္တနာမှုနှင့် လူမှု ကူညီရေးအသင်း ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ ကျင်းပမည်

ကလျာဏ မိတ္တနာမှုနှင့် လူမှု ကူညီရေးအသင်း ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲ ကျင်းပမည် ဇန်န၀ါရီလ(၁၂)ရက်နေ့ ပဲခူးမြို့၊ ဆိုရှယ်လစ် ၂၄ လမ်း၊ ထီးချိုင့် ဓမ္မရိပ်သာ ကျောင်းဝင်းတွင် ဖွဲ့စည်း တည်ထောင် ထားသော ကလျာဏ မိတ္တ (စုပေါင်းအခမဲ့) နာမှုနှင့် လူမှု ကူညီရေး အသင်းကြီး၏ ရန်ပုံငွေ ဂီတ ဖျော်ဖြေပွဲကို ဇန်န၀ါရီလ ၁၃ ရက်နေ့ ည ၆ နာရီတွင် ရွှေမော်ဓော စေတီတော် ယာဉ်ရပ်နားဝင်း၍ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂီတ ဖျော်ဖြေပွဲကို နာမှုနှင့် လူမှု ကူညီရေး အသင်းကြီး၏ ကုသိုလ်ပြု လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးမြှင့် လုပ်ဆောင်နိုင်ရန် ရည်ရွယ်ကာ ဒဂုံအဖျော်ယမကာ လီမီတက်နှင့် ပူးပေါင်း၍ စီစဉ် ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ ဂီတ ဖျော်ဖြေပွဲတွင် အဆိုတော် ရင်ဂို၊ ဘိုဖြူ၊ ဂျီလတ်၊ ဟဲလေး၊ သျှီ၊ အယ်လ်ဆိုင်းဇီ၊ မေသက်သားဆွေ၊ ခင်ပြည့်စုံသွေး၊ မေမြတ်နိုး၊ ဟာသ သရုပ်ဆောင် ခင်လှိုင်နှင့် ဒိန်းဒေါင် တို့က သီဆို ဖျော်ဖြေ တင်ဆက် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

Thursday, January 10, 2013

Y-Talk ၏ တစ်နှစ်ပြည့် တေးဂီတနှင့် ဖက်ရှင်ရှိုးပွဲ ကျင်းပမည်

Y-Talk ၏ တစ်နှစ်ပြည့် တေးဂီတနှင့် ဖက်ရှင်ရှိုးပွဲ ကျင်းပမည် ဇန်န၀ါရီလ(၁၀)ရက်နေ့
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း ရတနာပုံ တယ်လီပို့စ်ကုမ္ပဏီ နှင့် VMG တယ်လီပို့စ် တို့ ပူးပေါင်း၍ Y-Talk ၏ တစ်နှစ်ပြည့် တေးဂီတနှင့် ဖက်ရှင်ရှိုးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကန်တော်ကြီး မျှော်စင်ကျွန်း၌ ညနေ ၆ နာရီတွင် ကျင်းပမည် ဖြစ်ရာ ဖျော်ဖြေပွဲတွင် အာဇာနည်၊ ဆိုတေး၊ ဟဲလေး၊ ဂျေမီ၊ ဂျောက်ဂျက်၊ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ နိုင်းဝမ်း၊ စန္ဒီမြင့်လွင်၊ သီရိဆွေ၊ အိမ့်ချစ်၊ မိစန္ဒီ၊ Snare, S.I.R နှင့် Bobby Soxer တို့ ဖျော်ဖြေ တင်ဆက်သွား မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဖျော်ဖြေပွဲနှင့် စပ်လျဉ်း၍ စာနယ်ဇင်း ရှင်းလင်းပွဲကို စင်ထရယ်ဟိုတယ် ကျောက်စိန်းခန်းမ တွင် ဇန်န၀ါရီလ ၆ ရက်နေ့က ပြုလုပ်ခဲ့ရာ ဦးလင်းနိုင်ဦး က အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး စမိုင်းက Y-Talk ၏ Anniversary Show ဖြစ်ရန် စီစဉ်ထားမှုကို ရှင်းလင်း ပြောကြားကာ တာဝန်ခံ ကိုပီးပေါ်က ပါဝင်ကြ မည့် တေးသံရှင်များနှင့် Band များကို မိတ်ဆက် ပေးခဲ့ကြကြောင်း သိရှိရသည်။

Tuesday, January 8, 2013

IRON CROSS တေးဂီတအဖွဲ့ ထိုင်းနိုင်ငံရောက် အလုပ်သမားများအား ဖျော်ဖြေမည်

IRON CROSS တေးဂီတအဖွဲ့ ထိုင်းနိုင်ငံရောက် အလုပ်သမားများအား ဖျော်ဖြေမည် ဇန်န၀ါရီ(၈)ရက်နေ့ IRON CROSS တေးဂီတအဖွဲ့မှ ပထမဆုံး အကြိမ်အဖြစ် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ အတွက် သွားရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေရေး ခရီးစဉ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် သွားရောက် ဖျော်ဖြေမည် ဖြစ်ပြီး IRON CROSS တေးဂီတအဖွဲ့၏ ပင်တိုင် အဆိုတော်များ ဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ၀ိုင်းဝိုင်းတို့က ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ထေဲ့စပန်း ဘောလုံးကွင်း၌ ယင်းနေ့ ညနေ ၆ နာရီတွင် စတင် ဖျော်ဖြေမည် ဖြစ်ပြီး ကြိုတင် လက်မှတ်များကို မြ၀တီတံတား ထိပ်ရှိ ဖိုးထူး လက်ဖက်ရည်ဆိုင် နှင့် ထေဲ့စပန်း ရုံးရှေ့ရှိ ဟုန်လုံကုန်တိုက် ရှေ့တို့တွင် ၀ယ်ယူနိုင်ကာ လက်မှတ်များကို ဘတ် ၃၅၀ မှ ဘတ် ၅၀၀ အထိ သတ်မှတ် ထားကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger