www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 4, 2019

အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်

အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်
-
ဖလမ်း၊ ပညာရေး ချင်းပြည်နယ် ဖလမ်းမြို့နယ်လုံးဟော့ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲကို ဧပြီ ၂ ရက် နံနက်ပိုင်းက အဆိုပါကျောင်း မုခ်ဦးရှေ့၌ ကျင်းပသည်။ ရှေးဦးစွာ လုမ်ဘန်းကျောင်းထိုင် ဆရာတော် ဖာသာမိုက်ကယ်ဇုံကျုံးက အဖွင့် ဆုတောင်းပေးသည်။ 
-
ထို့နောက် လုံးဟော့ အခြေခံပညာ အထက်တန်းကျောင်း မုခ်ဦးအား ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များဖြစ်ကြသော လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးရွှေထီးအိုး၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင်ထန်နှင့် ပြည်နယ် ပညာရေးမှူး ဒေါ်နှင်းကြည်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ လုံးဟော့လူငယ်များက တေးသီချင်းဖြင့် ကပြဖျော်ဖြေကြသည်။
-
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်အစိုးရအဖွဲ့ဝင်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီးတို့က အမှာစကား ပြောကြားကြပြီး လုံးဟော့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဒေါ်မူယာက ကျောင်းသမိုင်း အကျဉ်းချုပ်နှင့် ကျောင်းဆောင် လိုအပ်ချက်များကို ရှင်းလင်းပြောကြားသည်။
-
ယင်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့်  ပြည်နယ်ဝန်ကြီးများက ကျောင်းအတွက်အားကစားပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ကြပြီး ကျောင်းအုပ်ဆရာမကြီးက ကျောင်းအဆင့် တိုးမြှင့်ဖွင့်ပွဲအထိမ်းအမှတ် အလံများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့  ပြန်လည် ပေးအပ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger