www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 4, 2019

ဧရာဝတီတိုင်း ဒေသကြီး၌ ကဏန်းသားဖောက် မွေးမြူခြင်း လုပ်ငန်း စမ်းသပ် လုပ်ကိုင်မည်

ဧရာဝတီတိုင်း ဒေသကြီး၌ ကဏန်းသားဖောက် မွေးမြူခြင်း လုပ်ငန်း စမ်းသပ် လုပ်ကိုင်မည်
-
ပုသိမ်၊  မွေးမြူရေး မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုး တိုးတက်စေရေးအတွက်ယခုလမှစ၍  ဧရာဝတီတိုင်းဒေသကြီး၌  ကဏန်းသားဖောက် မွေးမြူခြင်း လုပ်ငန်းကို စမ်းသပ်လုပ်ကိုင်မည်ဖြစ်ကြောင်း မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းမှ အကြံပေး ဦးစိုးထွန်း၏ ပြောကြားချက်အရ သိရသည်။ 
-
မြန်မာ့ရေထွက်ကုန်ဖြစ်သော ကဏန်းကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေပြီး တင်ပို့ နေသည့် ကဏန်းများသည် သဘာဝမှပေါက်ပွား ကြီးပြင်းသည့် ကဏန်းများဖြစ်၍ ဖမ်းယူချိန်ကြာလာပါကကဏန်းတင်ပို့မှုများ  လျော့နည်း လာနိုင်သောကြောင့် ယခုကဲ့သို့ ကဏန်းသားဖောက်လုပ်ငန်းများ စမ်းသပ်လုပ်ကိုင်လာခြင်းဖြစ်သည်။ 
-
''သဘာဝကပဲဖမ်းနေတော့ ကဏန်းပျော့ လုပ်ငန်းက နည်းနည်း ထိခိုက်လာတယ်။ အကောင်ကြီးတဲ့ ကဏန်းတွေကို တရုတ်နိုင်ငံကိုပို့တဲ့အပြင် ကဏန်းပျော့လည်း လုပ်တယ်။ ကဏန်းပျော့ လုပ်တဲ့သူတွေကဝယ်ရတာ ဈေးကြီးတယ်။ အပြိုင်အဆိုင်လည်းဝယ်ရတယ်။ ကျွန်တော်တို့က သဘာဝကရတဲ့ ကဏန်းကိုပဲ အားကိုးပြီး မွေးမြူရေးမလုပ်တဲ့ အတွက်သဘာဝကဏန်းရှားလာပြီ။ ကဏန်းသားဖောက် လုပ်ငန်းကနေ ရရှိတဲ့  ကဏန်းတွေကို မွေးမြူသူတွေယုံယုံကြည်ကြည်နဲ့ မွေးမြူဖို့လိုတယ်။ မွေးမြူပြီး ရလာတဲ့ သားပေါက်တွေကို နည်းနည်းဈေးပိုရတဲ့  ကဏန်းပျော့လုပ်မယ်။  ဒါကြောင့် အခုလိုစီစဉ်ရတာပါ''ဟု ဦးစိုးထွန်း ကပြောသည်။ 
-
မြန်မာ့ရေသတ္တဝါ မွေးမြူရေးကဏ္ဍ  ရေရှည်ဖွံ့ဖြိုး တိုးတက်စေရန် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊  ဧရာဝတီတိုင်း ဒေသကြီး၊  ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကို ကဏန်း သားဖောက်ရန် စီမံကိန်းနယ်မြေများအဖြစ် ရွေးချယ်ထားပြီး ကဏန်းသားဖောက် စီမံကိန်း အကောင်အထည်ဖော်ခြင်းကို ဧရာဝတီတိုင်း ဒေသကြီး၌ စတင်စမ်းသပ်မည်ဖြစ်သည်။ 
-
အဆိုပါ  ကဏန်းသားဖောက်မည့် စီမံကိန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်း ဦးစီးဌာန၊ ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီနှင့် ဥရောပသမဂ္ဂတို့ ပူးပေါင်း ဆောင် ရွက်မည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger