www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 4, 2019

အင်းလေးရေပေါ် သင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

အင်းလေးရေပေါ် သင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်
-
၂ဝ၁၉ ခုနှစ် နှစ်သစ်ကူးမဟာသင်္ကြန် ပွဲတော်တွင် အင်းသားရိုးရာ ယဉ်ကျေးမှုထိန်းသိမ်း စောင့်ရှောက်ရေး၊ အင်းလေးဒေသ ခရီးသွား လုပ်ငန်းမြှင့်တင်ရေးနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့များ ဖော်ကျူးသည့်အနေဖြင့် ပထမဦးဆုံး အကြိမ် အင်းလေးရေပေါ်သင်္ကြန်ပွဲတော်ကို ဧပြီ ၁၃ ရက်မှ ၁၇ ရက်အထိ ညောင်ရွှေမြို့နယ် အင်းလေးဒေသ နန်းပန်ကျေးရွာရှိ Innlay Cultural Heritage Trust Complex ၌ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 
-
''ကျွန်တော်တို့ရေပေါ်သင်္ကြန်ကို အကြိုနေ့ ညနေ ၃ နာရီမှာ ဖွင့်ပွဲအခမ်းအနားနဲ့ ကျင်းပမှာပါ။ သင်္ကြန်အကြိုနေ့မှ သင်္ကြန်အတက်နေ့အထိ အင်းလေးကန် အတွင်းမှာ နေထိုင်ကြတဲ့ ညီနောင်တိုင်းရင်းသား တွေရဲ့ ရိုးရာအကအလှ ဖျော်ဖြေ တင်ဆက်မှုတွေ၊ နိုင်ငံကျော် တေးသံရှင်ကြီးတွေရဲ့ တေးဂီတ ဖျော်ဖြေရေး အစီအစဉ်များနဲ့ နေ့စဉ်တင်ဆက် သွားမှာပါ''ဟု Miss Innlay Organization မှ ကိုမြင့်သိန်းထွန်းကပြောသည်။ -
အင်းလေးဒေသ၏ ပထမဦးဆုံး ကျင်းပသည့် ရေပေါ်သင်္ကြန်ပွဲတော် နွှဲပျော်ရန်နှင့် စတုဒိသာ ကျွေးမွေးရန်အတွက် ရေပေါ်မဏ္ဍပ်၂ဝ ကျော်ကိုလည်းစီစဉ်ထားကာ ဒေသတွင်း တိုင်းရင်းသား ပြည်သူများနှင့်အပန်းဖြေရန် လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အင်းလေးဒေသနှင့် မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စားပြီး ခရီးသွားများ ဝင်ရောက်ကာ ဒေသတွင်း ခရီးသွားလုပ်ငန်းအလုပ်အကိုင်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger