www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 5, 2019

လာမည့်ပညာသင်နှစ်တွင် စိုက်ပျိုးရေး အင်ဂျင်နီယာ သင်တန်းများကို ကျောင်းတချို့၌ စတင်ဖွင့်လှစ်ရန် စီစဉ်

-
ရန်ကုန်  ဖေဖော်ဝါရီ  ၄ 
-
လာမည့် ပညာသင်နှစ်တွင် စိုက်ပျိုးရေး အင်ဂျင်နီယာ  ဒီပလိုမာသင်တန်းများကို အစိုးရစက်မှုလက်မှု သိပံ္ပကျောင်း  တချို့၌ စတင်ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း အမျိုးသားပညာရေး  မူဝါဒကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာမျိုးကြွယ် ထံမှ သိရသည်။ စိုက်ပျိုးရေး အင်ဂျင်နီယာ ဒီပလိုမာသင်တန်းကိုအစိုးရ စက်မှုလက်မှု သိပံ္ပကျောင်းများ၌ ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းလျက်ရှိပြီး စိုက်ပျိုးရေးနှင့်သက်ဆိုင်သော  AGTI လက်မှတ်များ ထုတ်ပေးနိုင်ရေးအတွက်လည်း  ဆွေးနွေးထားကြောင်း သိရသည်။ 
-
လာမည့်ပညာသင်နှစ် တွင် အစိုးရစက်မှုလက်မှု သိပံ္ပကျောင်း သုံးကျောင်း သို့မဟုတ်  လေးကျောင်းအထိ ဖွင့်လှစ်ရန်နှင့် တစ်နိုင်ငံလုံးရှိ ကျောင်းများ၌ စိုက်ပျိုးရေး အင်ဂျင်နီယာဒီပလိုမာဘွဲ့ ပေးအပ်ရန် အကြံပြု ဆွေးနွေးထားကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးရေးနှင့် သက်ဆိုင်သည့် ပညာရပ်များကို အထူးပြု သင်ကြားသင့်သည် ဆိုသည့်အကြံပြုချက် အပါအဝင် ကျောင်းသား လူငယ်များလည်း   စိုက်ပျိုးရေး ပညာရပ်ကို စိတ်ပါဝင်စားမှုရှိ၍ စိုက်ပျိုးရေး အင်ဂျင်နီယာ ဒီပလိုမာသင်တန်းကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်ခြင်းဖြစ်သည်။ -
''ဒီသင်တန်းအတွက် လိုအပ်တဲ့ ဘတ်ဂျက်ကို    အမျိုးသားပညာရေး ဥပဒေနဲ့အညီ တက္ကသိုလ်တိုင်းမှာ  ကိုယ်ပိုင်ရန်ပုံငွေ ထားရှိနိုင်ဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းနေပါတယ်။ လာမယ့်ပညာသင်နှစ်မှာ အနည်းဆုံး သုံး၊ လေးကျောင်းလောက်မှာ  စတင်ဖွင့်လှစ် သင်ကြားနိုင်ဖို့ လုပ်ဆောင်နေ ပါတယ်။ စိုက်ပျိုးရေး အင်ဂျင်နီယာတွေ မွေးထုတ်မှု တိုးတက်လာဖို့ ရည်ရွယ်ပါတယ်''  ဟု  ဒေါက်တာမျိုးကြွယ်ကပြောသည်။ 
-
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသော နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အထူးပြုအင်ဂျင်နီယာ ဘာသာရပ်သင်ကြားခြင်းကို ၁၉၆၂ ခုနှစ်မှ ၁၉၇၂ ခုနှစ်အထိသာစက်မှုတက္ကသိုလ်များ၌ သင်ကြားခွင့် ရပြီးနောက်ပိုင်း  အထူးပြုဘာသာရပ်အဖြစ်  သင်ကြားပေးခြင်း မရှိတော့ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger