www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 5, 2019

ရေသန့်စက်ရုံများကို ကွင်းဆင်း စစ်ဆေးနေခြင်းကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော ကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်

ရေသန့်စက်ရုံများကို ကွင်းဆင်း စစ်ဆေးနေခြင်းကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော ကောင်းမွန်သည့် ထုတ်ကုန်များ ထုတ်လုပ်နိုင်
-
ရန်ကုန်  ဖေဖော်ဝါရီ  ၄ 
-
ရေသန့်စက်ရုံများကို ကွင်းဆင်းစစ်ဆေး နေခြင်းကြောင့်ယခုအခါ တစ်ကျော့ပြန် စစ်ဆေးရာတွင် ကျန်းမာရေးနှင့် ညီညွတ်သော ကောင်းမွန်သည့်ထုတ်ကုန်များထုတ်လုပ်နိုင်သည်ကို တွေ့ရှိခဲ့ကြောင့်းမြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင်ထံမှ သိရသည်။ 
-
''စစ်ဆေးတဲ့အခါ စက်ကထွက်တဲ့ ရေကိုသာမက ထားသိုမှုစနစ် GMP ကိုပါ အဓိကထားပြီး စစ်ဆေးခဲ့ပါတယ်။ အခုဆို ရင် FDA ကလည်း ထုတ်လုပ်ခွင့် လိုင်စင်ပေးထားတဲ့  စက်ရုံတွေကိုတစ်ကျော့ပြန်စစ်ဆေးတာရှိသလို မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်းကလည်းကြပ်မတ်စစ်ဆေးတာကြောင့် အခုတစ်ကျော့ပြန် စစ်ဆေးတဲ့အခါ တော်တော်ပြောင်းလဲလာပြီးထုတ်ကုန်တွေ ကောင်းမွန်လာတာတွေ့ရပါတယ်''ဟု ဦးဗအုပ်ခိုင် ကပြောသည်။ 
-
ရေသန့်စက်ရုံများ၌    သိုလှောင်သိမ်း ဆည်းမှုများ စနစ်မကျပါက မလိုလားအပ်သော ဗက်တီးရီးယားများ ပေါက်ပွားကာ ထုတ်လုပ်သည့်ရေ သန့်စင်သော်လည်း ယင်းကဲ့သို့သော စနစ်မကျမှုများက ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်၍ ထားသိုမှုစနစ် ကျစေရန် အဓိကထား စစ်ဆေးခြင်းဖြစ်သည်။ 
-
မကြာမီ နွေရာသီကျောင်းပိတ်ရက်သို့ ရောက်ရှိလာမည်ဖြစ်ရာ ကျောင်းမုန့်ဈေးတန်းများ၌ စစ်ဆေးပညာပေးသည့် လုပ်ငန်းများကို ယာယီရပ်နားထားကာ ကျောင်းဖွင့်ချိန် တွင် ပြန်လည်လုပ်ဆောင်ရန် စီစဉ်ထားသကဲ့သို့  သဘာဝကို အခြေခံသည့် ထုတ်ကုန်များအပါအဝင် အော်ဂဲနစ်ထုတ်ကုန်များနှင့်သက်ဆိုင်သည့် ပညာပေးမှုများ တိုးချဲ့လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။ တိုင်ကြားလာမှုများတွင်ရေသန့်ထုတ်လုပ်သည့် စက်ရုံတချို့လည်း ပါရှိပြီး ယင်းစက်ရုံများကို ကွင်းဆင်းစစ်ဆေးရန် စီစဉ်ထားကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger