www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 4, 2019

ကမ္ဘာ့ကင်ဆာ ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

ကမ္ဘာ့ကင်ဆာ ရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ
-
မော်လမြိုင် ဖေဖော်ဝါရီ  ၃ 
-
မွန်ပြည်နယ်မော်လမြိုင်မြို့ဖက်တန်းရပ်ကွက်ပြည်နယ်ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ မြန်မာနိုင်ငံ ဆရာဝန်များအသင်း  (မော်လမြိုင်၊  မွန် ပြည်နယ်)နှင့် မြန်မာနိုင်ငံကင်ဆာဆရာဝန် အသင်းတို့က ပူးပေါင်းကျင်းပသော ကမ္ဘာ့ကင်ဆာရောဂါ တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်ဟောပြောပွဲ ကျင်းပသည်။ 
-
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက အဖွင့်အမှာစကားပြောကြားပြီး ကင်ဆာ-ဆေးပညာ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ကင်ဆာရောဂါသည် ကူးစက်တတ်သောရောဂါ မဟုတ်ကြောင်း၊ လူ၏အနေအထိုင်အစား အသောက်ကြောင့် အဖြစ်များသည့်ရောဂါ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် ကင်ဆာရောဂါ သည် ၂ဝဝ၈ ခုနှစ်တွင် ၁၂ ဒသမ ၅ သန်း၊   ၂ဝ၁၂ ခုနှစ်တွင် ၁၄ ဒသမ ၆ သန်း၊ ၂ဝ၁၈  ခုနှစ် တွင် ၁၈ ဒသမ ၁ သန်းဖြစ်ပွားခဲ့ပြီး  ၂ဝ၃ဝ ပြည့်နှစ်တွင် ၂၆ ဒသမ ၄ သန်းဖြစ်ပွား နိုင်ခြေရှိကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ၂ဝ၁၂  ခုနှစ်တွင် ကင်ဆာဖြစ်ပွားမှုနှုန်းမှာ ၆၃၆ဝဝ ဦး ဖြစ်ပြီး ၄၉၂ဝဝ ဦးသေဆုံးကြောင်း၊ ၂ဝ၁၈ခုနှစ်တွင် ၆၉၅ဝဝ ဦးဖြစ်ပွားပြီး ၅၁ဝဝဝ ဦး သေဆုံးကြောင်း၊ ထို့ကြောင့် လူသားအရင်း အမြစ်ဖွံ့ဖြိုးရန် အတွက် လူတိုင်း အစား အသောက်အနေအထိုင်ကို ဂရုစိုက်ဆင်ခြင်သင့်ကြောင်း ပြောကြားသည်။ 
-
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဖောင် ဒေးရှင်းမှ   ဒေါက်တာသန်းစိန်က ကင်ဆာ ရောဂါအကြောင်းနှင့် ရှောင်ရန်ဖြစ်ပါက  ဆေးကုသမှုခံယူရန်တို့ကိုပြောကြားသည်။ ယင်းနောက်  ဒေါက်တာဒေါ်လှလှမော် က ရောဂါခံစားနေရပြီး ဆေးကုသမှုခံယူနေ သည့်လူနာများအကြောင်းနှင့် လက်တွေ့ကုသပေးနေရသည့် အတွေ့ အကြုံ များကို ရှင်း လင်းပြောကြားပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းရာဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်က ပြန်လည် ရှင်းလင်းဖြေကြားကြောင်း သိရသည်။ 
-
အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကင်ဆာ-ဆေးပညာ အထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်၊  ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းမှ ဒေါက်တာ သန်းစိန်နှင့်အထူးကုဆရာဝန်ကြီးများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဖိတ်ကြားထား သူများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger