www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 4, 2019

ရသေ့တောင် မြို့နယ်၊ ရေဘုတ်ကျေးရွာ အနီး၌ AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မော်တော်ယာဉ် တစ်စီးအား မိုင်းခွဲဖျက်ဆီးခဲ့

ရသေ့တောင် မြို့နယ်၊ ရေဘုတ်ကျေးရွာ အနီး၌ AA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့က မော်တော်ယာဉ် တစ်စီးအား မိုင်းခွဲဖျက်ဆီးခဲ့
-
နေပြည်တော်  ဖေဖော်ဝါရီ  ၃ 
-
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရေစိုး ချောင်းကျေးရွာနှင့် ရသေ့တောင်သွား လမ်းမပေါ်၌ မော်တော်ယာဉ်တစ်စီးအား AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့က ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဖောက်ခွဲ၍ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ  ရေဘုတ်ကျေးရွာ ၏အရှေ့တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ၌  မီးလောင်ပျက်စီးနေသော Light Truck အမျိုးအစား မော်တော် ယာဉ် တစ်စီးနှင့် မိုင်းပေါက်ကွဲ ထားသည့် အပိုင်းအစ များအား တွေ့ရှိရသည်။
-
အဆိုပါ နေရာနှင့် လမ်းကြောင်း တစ်လျှောက်တွင် အပြစ်မဲ့ဒေသခံ ခရီးသွားပြည်သူများ ဘေးအန္တရာယ် မရှိစေရေးအတွက် နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများအား  ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger