www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 19, 2018

SINMA LIVING MALL ၌ ဈေးရောင်း ပွဲတော် ကျင်းပမည်

-
နေပြည်တော်   ဒီဇင်ဘာ  ၁၈ 
-
နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်ရှိ Sinma Living Mall ၌ ဒီဇင်ဘာ၁၉ ရက်မှ ၂၅ ရက်အထိ ဈေးရောင်းပွဲတော် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဈေးရောင်းပွဲတော်၌ ဈေးရောင်းချလိုသူများသည် မိမိတို့ရောင်းချမည့် ကုန်ပစ္စည်းပေါ် မူတည်၍ Mall ၏အတွင်းပိုင်း သို့မဟုတ် အပြင်ပိုင်းတို့ကို ကြိုက်နှစ်သက်ရာ ငှားရမ်းရောင်းချနိုင်ပြီး Mall ၏ အတွင်းပိုင်း ငှားရမ်းခအနေဖြင့်   ၉ ပေပတ်လည် တစ်ခန်းကိုတစ်ရက်လျှင် ငွေကျပ် ၂ဝဝဝဝ၊ Mall  ၏အပြင်ပိုင်း ငှားရမ်းခအနေဖြင့် ၁ဝ ပေပတ်လည် တစ်ခန်းကို တစ်ရက်လျှင်ငွေကျပ် ၂ဝဝဝဝ ကျသင့်မည်ဖြစ်ပြီး အပြင်ပိုင်း ရောင်းချသူ များအနေဖြင့် လျှပ်စစ်မီးနှင့်ရေ အသုံးပြုမှု ဝန်ဆောင်မှုပါ ပါဝင်မည်ဖြစ်သည်။ 
-
ပွဲတော်ရက်ခုနစ်ရက်လုံး ဈေးမရောင်းချလိုသူများအနေဖြင့်လည်း မိမိတို့ကြိုက်နှစ်သက်ရာ ရက်ကို ရွေးချယ်ရောင်းချ၍ ရကြောင်း သိရသည်။ ဥတ္တရသီရိမြို့နယ် Sinma Living Mall ၌ ကျင်းပမည့် ဈေးရောင်းပွဲတော်တွင် အဝတ်အထည်မျိုးစုံ၊ အစားအသောက်မျိုးစုံ၊  လူသုံးကုန်ပစ္စည်းနှင့် မီးဖိုချောင်သုံး ပစ္စည်းများကို ရောင်းချပေးမည်ဖြစ်ကြောင်း၊ ဈေးရောင်းချလိုသူများသည် Sinma Living Mall သို့လူကိုယ်တိုင်သော် လည်းကောင်း၊ ဖုန်း-ဝ၆၇-၃၄၃၃၃၂၈၊ဝ၆၇-၃၄၃၃၃၂၉ သို့ လည်းကောင်း ဆက်သွယ်စုံစမ်း ငှားရမ်းနိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger