www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, July 10, 2015

မြဝတီ-ကော့ကရိတ် အာရှလမ်းသစ် ဖွင့်လှစ်နိုင်ရေး တပ်မတော်က နယ်မြေရှင်းလင်း ဆောင်ရွက်


မြ၀တီ - ကော့ကရိတ် ဆက်သွယ်ရေးလမ်းကြောင်း

အာရှလမ်းသစ်အား တပ်မတော်စစ်ကြောင်း များက ရှင်းလင်း ဆောင်ရွက်စဉ်


ကျော်သက် နှင့် စောဆန်းအောင် အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့် ချောင်းတောင် ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း

ကော့ကရိတ်မြို့အတွင်း ကျော်သက် နှင့် စောဆန်းအောင် အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်း ကြောင့် ပျက်စီးနေမှုအား တွေ့ရစဉ်
နေပြည်တော် ၊ ၁ဝ-၇-၂ဝ၁၅

နယ်စပ်ဒေသ ကုန်စည် စီးဆင်းမှု မြန်ဆန်လွယ်ကူ ချောမွေ့စေရေး၊ နယ်စပ်ဒေသ ဖွံ့ဖြိုး တိုးတက်စေရေး၊ ဒေသခံပြည်သူ လူထုများ သွားလာမှု အဆင်ပြေေ စရေး၊ အာဆီယံ ဒေသအတွင်းရှိ နိုင်ငံများနှင့် ကူးလူးသွားလာ နိုင်ရေးနှင့် နိုင်ငံခြား ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ရည်ရွယ်၍ မြဝတီ- ကော့ကရိတ် အာရှ လမ်းသစ်အား နိုင်ငံတော် အစိုးရ၊ ပြည်နယ် အစိုးရနှင့် အိမ်နီးချင်း နိုင်ငံတို့ ပူးပေါင်း ဖောက်လုပ် ပြီးစီးသဖြင့် ဇူလိုင်လ အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက် ခဲ့သည်။

ကလိုထူးဘော ကရင် အစည်းအရုံး (KKO) အဖွဲ့မှ သီးခြားခွဲထွက် လာသည့် ကျော်သက် နှင့် စောဆန်းအောင် ဦးစီး လက်နက်ကိုင် အဖွဲ့ငယ် များသည် မြဝတီ- ကော့ကရိတ် အာရှ လမ်းသစ်ပေါ်တွင် အကောက်စခန်း များဖွင့် လှစ်၍ ခရီးသွား ပြည်သူလူထု ထံမှ နိုင်ထက်စီးနင်း ငွေကြေး ကောက်ခံမှုများ ပြုလုပ်နေ သဖြင့် ပြည်နယ် အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့များက လမ်းပေါ်မှ ဖယ်ရှားပေးရန် အကြိမ်ကြိမ် သတိပေး အကြောင်းကြား ခဲ့သည်။ ယင်း အဖွဲ့များ အနေဖြင့် လိုက်နာခြင်း မရှိသဖြင့် တပ်မတော်မှ နယ်မြေရှင်းလင်း ခဲ့ရာတွင် ၄င်းတို့မှ စတင်ပစ်ခတ် တိုက်ခိုက် သောကြောင့် ဇူလိုင်လ ၂ ရက်နေ့မှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုသို့ အာရှလမ်းသစ် ပေါ်တွင် တိုက်ပွဲများ ဖြစ်ပွားနေစဉ် အတွင်း ၄င်းတို့၏ အဖွဲ့ငယ်များသည် ဇူလိုင် ၇ ရက်တွင် ချောင်းတောင် ကျေးရွာရှိ အခြေခံပညာ အထက်တန်း ကျောင်းအား လက်နက်ကြီး များဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်း၊ ကော့ကရိတ် မြို့နယ်၊ လှိုင်ကွယ် ကျေးရွာအနီး စက်မှု ဝန်ကြီးဌာန ရော်ဘာခြံဝင်း အတွင်းရှိ အဆောက်အအုံ နှစ်လုံးအား မီးရှို့ ဖျက်ဆီးခြင်း၊ ဇူလိုင် ၈ ရက်တွင် ကော့ကရိတ်မြို့ လူနေရပ်ကွက် အတွင်းသို့ လက်နက်ကြီး များဖြင့် နှောင့်ယှက် ပစ်ခတ်ခြင်းများ ပြုလုပ်လာ၍ တပ်မတော်နှင့် နယ်ခြားစောင့်တပ်များ ပူးပေါင်းပြီး နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင်လ ၉ ရက်အထိ စုစုပေါင်း တိုက်ပွဲ ၂၉ ကြိမ် ဖြစ်ပွားခဲ့သည်။

ထိုသို့ တပ်မတော် စစ်ကြောင်း များက မြဝတီ- ကော့ကရိတ် လမ်းကြောင်း လုံခြုံချောမွေ့စွာ သွားလာနိုင်ရေး နယ်မြေ ရှင်းလင်း ဆောင်ရွက် ခဲ့ခြင်းကြောင့် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြဝတီ- ကော့ကရိတ် လမ်းဟောင်းတွင် ကုန်စည် စီးဆင်းမှုများ ပုံမှန် သွားလာလျက် ရှိသည်။ ယမန်နေ့ မွန်းလွဲပိုင်းတွင် အာရှလမ်းသစ် ကိုလည်း လုံခြုံရေး အရ ရှင်းလင်း ဆောင်ရွက်ပြီး ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger