www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2018

မှတ်ပုံတင်မဲ့ သုံးဘီးဆိုင်ကယ်နှင့် လျှပ်စစ်သုံးဘီး ဆိုင်ကယ်များကို မှတ်ပုံတင်ပေးလျက်ရှိ

-
မကွေး နိုဝင်ဘာ ၇ 
-
မကွေးတိုင်း ဒေသကြီးအတွင်းရှိ မှတ်ပုံတင်မဲ့ သုံးဘီးမော်တော်ဆိုင်ကယ်နှင့်လျှပ်စစ် သုံးဘီး ဆိုင်ကယ်များ မှတ်ပုံတင်ခြင်းကို One Stop Service စနစ်ဖြင့် သက်ဆိုင်ရာ ရုံးများ၌ နိုဝင်ဘာ ၁ ရက်မှ ၂၃ ရက်အထိ ရုံးချိန်များအတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း မကွေးတိုင်း ဒေသ ကြီး ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
-
''ရုံးဖွင့်ရက်တွေ ကညနရုံးတွေမှာ လုပ်ပေးပြီးတော့ ရုံးပိတ်ရက်တွေမှာ ဆက်သွယ်ရေး ကောင်းတဲ့၊ ယာဉ်အစီးရေများတဲ့ ရုံးတွေမှာ OSS အဖွဲ့နဲ့ Mobile Team နဲ့ သွားရောက် ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ နောက်ဆုံးထား ဆောင်ရွက်မှာဖြစ်လို့ စီမံချက် ကာလအတွင်း မှာ ဆောင်ရွက်ဖို့လိုပါတယ်။
-
ကုန်သွယ်ရေး ဦးစီးဌာနမှာ အိုင်တီစီနဲ့ တစ်ဦးချင်း လျှောက်ထားပြီး စီးရေနဲ့ မှတ်ပုံ တင်ဖို့ပြောထားပြီးလည်းဖြစ်ပါတယ်။ အခွန် စည်းကြပ်မှု တန်ဖိုးနဲ့ ကညန၊ မြန်မာ့အာမခံ၊ မြန်မာ့ စီးပွားရေးဘဏ် စတဲ့ဌာနတွေမှာ သွင်းရတဲ့ငွေကြေးက ၂ဝဝ၈ မော်ဒယ် ၁၁ဝ တရုတ် သုံးဘီးဆိုင်ကယ်ဆိုရင် အနိမ့်ဆုံး ငွေကျပ် ၁၃ဝဝဝဝ ခန့် ကုန်ကျမှာဖြစ်ပါတယ်။ လက်ရှိမှာ တော့ ပခုက္ကူခရိုင်မှာ တစ်စီး၊ သရက်ခရိုင်မှာတစ်စီး လာရောက် မှတ်ပုံတင်ထားပါတယ်'' ဟု မကွေးတိုင်း ဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဦးစီးမှူး ဦးရဲနိုင်က ပြောသည်။
-
မှတ်ပုံတင် လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီး အကောက်ခွန် ဦးစီးဌာန၊ မြန်မာ့အာမခံလုပ်ငန်း၊ မြန်မာ့စီးပွားရေး ဘဏ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး ယာဉ်မှတ်ပုံတင် လိုသူများ အနေဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ် ထောင်စုစာရင်း မူရင်း၊ မိတ္တူ၊ ကျေးရွာ၊ ရပ်ကွက်တွင် နေထိုင်ကြောင်း အုပ်ချုပ်ရေးမှူး ထောက်ခံချက်တို့ ယူဆောင်လာရမည်ဖြစ်ကြောင်း သိရသည်။
-
(၄ဝ၂)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger