www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2018

RC-CS ဆင်းသုခ စိုက်ခင်းကို ရိတ်သိမ်းခြွေ လှေ့စက်ဖြင့်ရိတ်သိမ်း

RC-CS ဆင်းသုခ စိုက်ခင်းကို ရိတ်သိမ်းခြွေ လှေ့စက်ဖြင့်ရိတ်သိမ်း
-
ကရင်ပြည်နယ်   ကော့ကရိတ်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ကြီးကြပ်မှုဖြင့်  RC-CS ဆင်းသုခစိုက်ခင်း ရိတ်သိမ်း ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက  ရေပူကြီး ကျေးရွာအုပ်စု ငါးတိုင်ကျေးရွာ တောင်သူ ဦးအခုံး၏ စံကွက် သုည ဒသမ  ၁ဝဧက၌  ကျင်းပသည်။
-
စံကွက်ရိတ်သိမ်းပွဲတွင် ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစန်းနုက အဖွင့်အမှာ စကား ပြောကြားပြီး ကော့ကရိတ်မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ခံ ဦးမြင့်အောင်က ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်း ခြင်းကြောင့် ရရှိလာမည့် အကျိုး ကျေးဇူးများနှင့် စပါးအလေအလွင့် နည်းပါးစေမှု၊ အလုပ်သမားရှားပါးမှု တို့အား ရိတ်သိမ်းခြွေ လှေ့စက် များကြောင့်  အချိန်တိုအတွင်း ဖြေရှင်းပေးနိုင်ခြင်း တို့ကို ရှင်းလင်းပြောကြားသည်။
-
ထို့နောက် စံကွက်အား ရိတ်သိမ်းခြွေလှေ့ စက်ဖြင့် ရိတ်သိမ်းရာ တက်ရောက် လာသည့် တောင်သူများက စိတ်ပါ ဝင်စားစွာ လေ့လာ ကြည့်ရှုကြပြီး သုည ဒသမ ၁ဝ ဧကတွင် စပါးအစို ၁ဝ၅ ဒသမ ၄၇ တင်း ထွက်ရှိ သည်။
-
အဆိုပါ ရိတ်သိမ်းခြင်းသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် တောင်သူများ  တက် ရောက်ကြကြောင်း သိရသည်။   
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger