-
ရန်ကုန် နိုဝင်ဘာ ၇
-
ယခုနှစ် ၁ဝ လတာကာလအတွင်း ရန်ကုန် ဆိပ်ကမ်းများသို့ မော်တော်ယာဉ်တင် သင်္ဘော အစင်း ၄ဝ ဆိုက်ကပ်ပြီး မော်တော်ယာဉ် အစီးရေ ၁၉၈၂၆ စီး ကမ်းချနိုင်ခဲ့ကြောင်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ သိရသည်။ ရန်ကုန်ဆိပ်ကမ်းများ၌ ယခုနှစ် ဇန်နဝါရီလတွင် သင်္ဘောခုနစ်စင်း ဆိုက်ကပ်နိုင်ခဲ့ပြီး မော်တော်ယာဉ်အစီးရေ ၅၁၄၇ စီး၊ ဖေဖော်ဝါရီလတွင် သင်္ဘောရှစ်စင်း ဆိုက်ကပ်နိုင်ခဲ့ပြီး မော်တော်ယာဉ်အစီးရေ ၆၂ဝ၇ စီး၊ မတ်လတွင် သင်္ဘော ရှစ်စင်းဆိုက်ကပ်ပြီးမော်တော်ယာဉ်အစီးရေ ၂ဝဝ၇ စီး၊ ဧပြီနှင့် မေလတို့တွင် ဆိုက်ကပ်မှုမရှိ ဘဲ ဇွန်လတွင် သင်္ဘောငါးစင်း ဆိုက်ကပ်ပြီး မော်တော်ယာဉ် အစီးရေ ၃၄၁၈ စီး၊ ဇူလိုင်လတွင် သင်္ဘောသုံးစင်း ဆိုက်ကပ်ခဲ့ပြီး မော်တော်ယာဉ်အစီးရေ ၅၈ဝ ၊ သြဂုတ်လတွင် သင်္ဘော လေးစင်း ဆိုက်ကပ်ခဲ့ပြီး မော်တော်ယာဉ်အစီးရေ ၇၄၂ စီး၊ စက်တင်ဘာလတွင် သင်္ဘော လေးစင်း ဆိုက်ကပ်ခဲ့ပြီး မော်တော်ယာဉ်အစီးရေ ၁၂၂၉ စီးနှင့် အောက်တိုဘာလတွင် သင်္ဘောတစ်စင်း ဆိုက်ကပ်ခဲ့ပြီး မော်တော်ယာဉ် အစီးရေ ၄၉၆ စီး ကမ်းချနိုင်ခဲ့ကြောင်း သိရသည်။
-
လက်ရှိတွင် ဆိပ်ကမ်းများမှ ထုတ်ယူနိုင်ရန် ကြန့်ကြာနေသည့် မော်တော်ယာဉ်များကို မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့မှ အကောက်ခွန် ရက်လွန်ဒဏ်ကြေး သတ်မှတ်ထားပြီး ဆိပ်ကမ်းမှ မော်တော်ယာဉ် ထုတ်ယူရာတွင် ယခင်လိုကြန့်ကြာမှု မရှိတော့ကြောင်း၊ ယခင်နှစ်များက ဆိပ်ကမ်းမှ ထုတ်ယူရန် ကြန့်ကြာနေသော မော်တော်ယာဉ်များကို ရက်အလိုက် ကောက်ခံ သည့် ဆိပ်ကမ်း၌ ထားရှိခတစ်ခုတည်းသာရှိခဲ့ပြီး သတ်မှတ် ကာလအတွင်း မော်တော် ယာဉ်ထုတ်ယူမှု နည်းခြင်းအတွက် ပြစ်ဒဏ်တစ်ခုအဖြစ် အကောက်ခွန် ဒဏ်ကြေး သတ် မှတ်ချက်ပါ ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
-
ရန်ကုန်လိုင်စင်ဖြင့် မော်တော်ယာဉ် ဝယ်ယူ အသုံးပြုခွင့် ပိတ်ထားခြင်းနှင့် ယခုနှစ် မော် တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မော်ဒယ် သတ်မှတ်ချက်များအရ ပြည်ပမှမော်တော်ယာဉ် တင်သွင်းမှု သိသာစွာ လျော့နည်းခဲ့သည့် နည်းတူ ပါမစ်နှင့်တင်သွင်းခြင်း၊ နိုင်ငံခြားငွေ ဈေးနှုန်းမြင့် တက်လာခြင်း တို့ကြောင့်လည်း ယခင်နှစ်များထက် မော်တော်ယာဉ်တင်သွင်း မှု လျော့နည်းခဲ့ကြောင်း သိရသည်။
-
၂ဝ၁၈ ခုနှစ်တွင် အကောက်ခွန်ဒဏ်ကြေးများကို မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာ မူဝါဒ အရ ခေတ်နှင့် လျော်ညီမှုရှိစေရန် ဒဏ်ကြေးတချို့ကို ပြောင်းလဲခဲ့ကြောင်း၊ ထို့ပြင် ဆိပ်ကမ်း မှ ကောက်ခံသည့် ထားသိုခ အပြင် အကောက်ခွန်ဦးစီးဌာနမှ ရက်လွန် ဒဏ်ကြေး အဖြစ် သတ်မှတ်ထားခြင်းကြောင့် ဆိပ်ကမ်းများ၌ မော်တော်ယာဉ်ထားရှိမှု ယခင်နှစ်များကဲ့သို့ ကြန့် ကြာမှုမရှိတော့ကြောင်း သိရသည်။
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment