www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 20, 2018

အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲပြုလုပ်

အရှေ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲပြုလုပ်
-
နေပြည်တော် နိုဝင်ဘာ ၁၉
-
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ် တိုင်းမှူးဒိုင်းမြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဇေယျခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားအသင်း များနှင့် အားကစားဝါသနာရှင်များတက်ရောက် ကြသည်။
-
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြော ကြားသည်။ ထို့နောက် တက်ရောက်လာကြသူ များနှင့်အတူ အဖွင့်ပွဲစဉ်များဖြစ်သည့် ခိုလမ် တပ်နယ်အသင်းနှင့် နမ့်စန်တပ်နယ်အသင်းတို့၏ ဗန်တိုအတိုက်ပြိုင်ပွဲ ယှဉ်ပြိုင် နေမှုနှင့် မိုင်းနောင်တပ်နယ်အသင်းနှင့် ကွန်ဟိန်းတပ်နယ် အသင်းတို့၏ ဓားတစ်လက်အတိုက်ပြိုင်ပွဲ ယှဉ်ပြိုင်နေ မှုများကို ကြည့်ရှုအားပေးကြသည်။
-
အဆိုပါ မြန်မာ့သိုင်းပြိုင်ပွဲကို နိုဝင်ဘာ ၂၁ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှု အောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁ဝ သင်းကဗန်တိုအတိုက်ပြိုင်ပွဲ၊ ဓားတစ်လက်အတိုက် ပြိုင်ပွဲနှင့် ပန်ကြပ်(စီးလ်)ပြိုင်ပွဲတို့ကို ဝိတ်တန်း အလိုက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းသာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger