www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 20, 2018

ပွင့်လင်းရာသီ ရောက်လာသည့်အတွက် လားရှိုးမြို့သို့ အညာဒေသမှ လာရောက်အလုပ်လုပ်သူများပြားလာ

ပွင့်လင်းရာသီ ရောက်လာသည့်အတွက် လားရှိုးမြို့သို့ အညာဒေသမှ လာရောက်အလုပ်လုပ်သူများပြားလာ
-
လားရှိုး နိုဝင်ဘာ ၁၉
-
နှစ်စဉ် ပွင့်လင်းရာသီဖြစ်သည့် သီတင်း ကျွတ်ကာလနောက်ပိုင်းတွင် အညာဒေသများမှ တောင်သူလုပ်ငန်းများ နည်းပါးသည့် အချိန်ဖြစ်သည့်အတွက် အပိုဝင်ငွေရရှိရန် အခြားဒေသများသို့ သွားရောက်အလုပ် အကိုင်ရှာဖွေ လုပ်ကိုင်လျက်ရှိရာ ရှမ်းပြည် နယ်(မြောက်ပိုင်း)လားရှိုးမြို့သို့လာရောက်၍ ဖြုန်းအုတ်လုပ်ငန်းလုပ်ကိုင်သူများပြား လျက်ရှိကြောင်း သိရသည်။
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)သို့လာရောက်၍ အလုပ်အကိုင်ရှာဖွေလုပ်ကိုင်ကြသူများ အနေဖြင့် နောင်ချို၊ ကျောက်မဲ၊ လားရှိုး၊ မူဆယ်နှင့် လောက်ကိုင်ဒေသတို့အထိ သွား ရောက်၍လုပ်ကိုင်ကြရာ စိုက်ပျိုးရေးလုပ်ငန်း များ၊ ဖြုန်းအုတ်ရိုက်ခြင်း လုပ်ငန်းများ၊ ပန်းရန်၊ လက်သမား လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
-
''ဦးလေးတို့အနေနဲ့က နှစ်တိုင်းပဲ တောင်သူ လုပ်ငန်းနည်းတဲ့အချိန် အပိုဝင်ငွေရရှိအောင် အုတ်ရိုက်တဲ့လုပ်ငန်းကို လာပြီး လုပ်ကိုင်ကြတာ တစ်နေ့ ငွေကျပ် ၁ဝဝဝဝ ကျော်လောက်တော့ ဝင်ပါတယ်။ အုတ်ရိုက်ခ လက်ခကတော့ အရင် နှစ်လိုပဲ ဈေးမ တက်ပါဘူး။ အုတ်တစ်လုံး ရိုက်ခ ငွေကျပ် ၂ဝ ရတယ်ဆိုတော့ ကိုယ့်ဒေသဘက်ထက်တော့ လုပ်အားခ များတယ် လို့ပြောလို့ရပါတယ်။ တပေါင်းလကုန် တန်ခူး လဆန်းထိအောင် အပိုဝင်ငွေရရှိအောင်ရှာ ထားတော့ တောင်သူလုပ်ငန်းခွင်ဝင်တဲ့ အချိန်မှာ မိသားစုအတွက် အဆင်ပြေတာပေါ့''ဟု အညာဒေသမှ လာရောက် အလုပ်လုပ် ကိုင်သူတစ်ဦးကပြောသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger