www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 20, 2018

ကလိန်အောင် ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှုကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်နေ

ကလိန်အောင်  ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှုကို ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်နေ
-
ကလိန်အောင်  နိုဝင်ဘာ ၁၉ 
-
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ရှင်ကိုးရှင်တွင် တစ်ရှင်ဖြစ်သည့် ကလိန်အောင်မြို့၏ လေးဆူဓာတ်ဝင် သမိုင်းဝင် ဆုတောင်းပြည့် ဆံတော်ရှင် စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်မှုကို ၂ဝ၁၉ ခုနှစ်  ဖေဖော်ဝါရီလအတွင်း ပြီးစီးအောင် ဆောင်ရွက်နေကြောင်း   ဆံတော်ရှင်ဂေါပက အဖွဲ့ထံမှ  သိရသည်။
-
''ရွှေသင်္ကန်းကပ်လှူမှု လုပ်ငန်းနဲ့ စိန်ဖူးတော်၊ ငှက်မြတ်နားတော်ကို အောက်သို့ပင့်ဆောင်ပြီး ဌာပနာပစ္စည်းများ ရေတွက်စစ်ဆေးမှုတွေကတော့ အောက်တိုဘာလပိုင်း ကတည်းက စတင်ဆောင်ရွက်တာပါ။ စေတီပေါ် ရွှေသင်္ကန်းစတင် ကပ်လှူတာက အခုလ ၁၆ ရက်ကစပြီး ဆောင်ရွက်တာပါ။ လုပ်ငန်းပြီးစီးမှုကတော့ ဖေဖော်ဝါရီလပိုင်းအတွင်း  ပြီးစီးအောင် ဆောင်ရွက်မှာပါ''ဟု     ဆံတော်ရှင် ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
-
အဆိုပါ ဆံတော်ရှင်စေတီတော် မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမှုကို အနယ်နယ် အရပ်မှ စေတနာရှင်များ၊ ဌာနဆိုင်ရာများ၊ ဘုရားဖူးဧည့်သည်များနှင့် ဒေသခံများကစုပေါင်း လှူဒါန်းကြပြီး လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူမှု ကုန်ကျငွေမှာ ငွေကျပ်သိန်း ၃၈၅ဝ၂ဝဝဝ ရှိကြောင်း သိရသည်။    
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger