www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2018

တောင်သူလယ်သမားများအတွက် ချေးငွေ ငွေကျပ် ၂ဝဝဝ ဘီလီယံကျော် ထုတ်ချေးပေးရန် လျာထား

-
ရန်ကုန်  နိုဝင်ဘာ  ၂၆ 
-
၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မြန်မာ့ စီးပွားရေးဘဏ်မှ ချေးငွေဖြင့် တောင်သူလယ် သမားများအတွက် ချေးငွေ ငွေကျပ် ၂ဝဝဝ ဘီလီယံကျော် ထုတ်ချေးပေးရန် လျာထား ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် (ရုံးချုပ်) လက်ထောက်မန်နေဂျာ ဒေါ်သက် သက်လွင်ထံမှ သိရသည်။
-
မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် ယခင်ကစိုက်ပျိုးရေး စရိတ်တစ်ခုတည်းကိုသာ ထုတ်ချေးပေးခဲ့သော်လည်း ယခုအခါ စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး နှစ်ဆင့် ချေးငွေများအဖြစ် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၏ Two Step Loan ချေးငွေကို  ၂ဝ၁၇ ခုနှစ် မှစတင်၍ လည်းကောင်း၊ မြန်မာ့စီးပွားရေး ဘဏ်၏ Two Step Loan ချေးငွေကို ၂ဝ၁၈ ခုနှစ်မှ စတင်၍လည်းကောင်း ထုတ်ချေးပေးခဲ့ကြောင်း၊ JICA  ၏ ချေးငွေများဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ မြို့နယ် ပေါင်း ၁၂၉ မြို့နယ်မှ  တောင်သူပေါင်း ၁၁၉၃ ဦးတို့ကို ငွေကျပ် ၄၅ ဒသမ ဝ၁၇ ဘီလီယံ၊ မြန်မာ့စီးပွားရေး ဘဏ်၏ချေးငွေ ဖြင့် မြို့နယ်ပေါင်း ၅၂ မြို့နယ်မှ တောင်သူ၊ လုပ်ငန်းရှင်ပေါင်း ၂၄၂ ဦးတို့ကို ငွေကျပ် ၂ ဒသမ ၆ဝ၃ ဘီလီယံ ထုတ်ချေးထားပြီးဖြစ် ကြောင်း သိရသည်။
-
''၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှာ ငွေကျပ် ၂ဝဝဝ ဘီလီယံကျော် ထုတ်ချေးဖို့ လျာထားမှု ရှိတာကို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးကို တင်ပြခဲ့ပါတယ်။ တောင်သူတိုင်းကို ငွေလုံး ငွေရင်း အားလုံးထုတ်ချေးနေတာ မဟုတ်ပါဘူး။  ဘယ်လောက်ချေးသင့်တယ် ဆိုတာ ဆုံးဖြတ်ပြီးချေးတာပါ။လုပ်ငန်းပမာဏ၊ ချေးငွေလိုအပ်ချက်တွေနဲ့ ချေးငွေပြန်ဆပ်နိုင် မှုပေါ်မူတည်ပြီး ချေးငွေပမာဏကလည်း ကွဲပြားပါတယ်။  စိုက်ပျိုးရေးစရိတ်အပြင် လယ်ယာသုံး စက်ကိရိယာတွေဝယ်ယူဖို့ကို လည်း ဦးစားပေး ထုတ်ချေးပေးနေပါတယ်'' ဟု ဒေါ်သက်သက်လွင် ကပြောသည်။
-
ချေးငွေများ ထုတ်ချေးပေးရာတွင် JICA၏ နှစ်ဆင့်ချေးငွေ စီမံကိန်းအရ တောင်သူ လယ်သမားတစ်ဦးလျှင် ငွေကျပ် သိန်း ၅ဝဝ နှင့်အစုအဖွဲ့တစ်ခုလျှင် ငွေကျပ်သိန်း ၅ဝဝဝ အထိကို ငွေလုံးငွေရင်းဆိုင်းငံ့ကာလ ၁ဝ နှစ်အပါအဝင် နှစ် ၄ဝ ဖြင့် ငွေကျပ် ၁၈ဝ ဘီလီယံခန့်  ထုတ်ချေးပေးမည်ဖြစ်သည်။ ထို့ပြင် တောင်သူလယ်သမားများအား စိုက်ပျိုး ရေးလုပ်ငန်းများတွင်အသုံးပြုမည့် လယ်ယာသုံး စက်ကိရိယာများနှင့် ကုန်တင်ယာဉ်များ ဝယ်ယူနိုင်ရန် ချေးငွေထုတ်ချေးပေးမည်ဖြစ်ပြီး လယ်ယာသုံး စက်ကိရိယာများ ဝယ်ယူရန် ဦးစားပေး ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ထုတ်ချေးရာတွင် လယ်ယာသုံး စက်ကိရိယာနှင့်  ကုန်တင်ယာဉ်တန်ဖိုး၏ ၂၅ ရာခိုင်နှုန်း ထုတ်ချေးပေးမည်ဖြစ်ကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger