www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 27, 2018

အကြိမ်(၃ဝ)မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုး ထည့် သွင်းကျင်းပမည်

အကြိမ်(၃ဝ)မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုး ထည့် သွင်းကျင်းပမည်
-
ရန်ကုန် နိုဝင်ဘာ ၂၆ 
-
ဖိလစ်ပိုင်အိုလံပစ်ကော်မတီသည် နိုဝင်ဘာ ၂၄ ရက်ကကျင်းပသည့် ဆီးဂိမ်းကောင်စီအစည်းအဝေးတွင် ၂ဝ၁၉ ခုနှစ် အကြိမ်(၃ဝ)မြောက် ဆီးဂိမ်းပြိုင်ပွဲ၌ ထည့်သွင်းကျင်းပမည့် အားကစားနည်းများကို အတည်ပြု ထုတ်ပြန်ခဲ့သည်။
-
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် (၄)ကြိမ် မြောက်ကျင်းပမည်ဖြစ်ပြီး  လာမည့်နှစ်တွင် ကျင်းပ မည့် အကြိမ် (၃ဝ) မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၅၆ မျိုး ထည့်သွင်းကျင်းပ မည်ဖြစ်သည်။
-
ဆီးဂိမ်းကောင်စီအစည်းအဝေးတွင် အရှေ့ တောင်အာရှနိုင်ငံ ၁၁ နိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကာ ဖိလစ်ပိုင် နိုင်ငံသည် ဆီးဂိမ်းပြိုင်ပွဲကို ၂ဝ၁၉ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်မှ ဒီဇင်ဘာ ၁ဝ ရက်အထိကျင်းပမည်ဖြစ်ပြီး မြို့ကြီးလေးမြို့၌ ကျင်းပရန်စီစဉ်ထားသည်။ ဖိလစ်ပိုင် အိုလံပစ်ကော်မတီသည် အားကစားနည်း ၅၆ မျိုးမှ ပြိုင်ပွဲ အမျိုးအစား ၅၂၉ မျိုးထည့်သွင်းကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာလလယ်တွင်ကျင်းပမည့် နည်းစနစ် ဆိုင်ရာ အစည်း အဝေးတွင် အတည်ပြုမည်ဖြစ်သည်။
-
၂ဝ၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် ပုံမှန်ထည့်သွင်း ကျင်းပနေသည့်အားကစားနည်းများ၊ အားကစား နည်းသစ်များ၊ ပရိသတ် နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသည့်အားကစားနည်းများ ပါဝင်လာသည်။
-
ဖိလစ်ပိုင်နိုင်ငံသည် ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် အားကစားနည်းအများဆုံးထည့်သွင်းကျင်းပ ခြင်းဖြစ်ပြီး ၂ဝ၁၁ ခုနှစ် အင်ဒိုနီးရှား ဆီးဂိမ်းတွင် ထည့်သွင်းကျင်းပသည့် အားကစားနည်း ၄၄မျိုးထက် ၁၂ မျိုး ပိုများကာ အများဆုံးဖြစ်လာ ခဲ့သည်။ ဖိလစ်ပိုင် အိုလံပစ်ကော်မတီက အတည်ပြုလိုက်သည့် အားကစားနည်းများတွင် မြန်မာအားကစား အဖွဲ့အား သာသည့် လှေလှော်အားကစားနည်းပါဝင်လာပြီး ပြိုင်ပွဲ ဝင်မည့် အားကစားနည်းများကို ပြန်လည် ရွေးချယ်မည်ဖြစ်သည်။ မြန်မာအားကစား အဖွဲ့သည် မလေးရှားနိုင် ငံ၌ ကျင်းပသည့် (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေ ခုနစ်ခု၊ ငွေ ၁ဝ ခု၊ ကြေး ၂ဝ ခုသာရခဲ့သော ကြောင့် လာမည့်ပြိုင်ပွဲတွင် ရွှေတံဆိပ် အရေအတွက် ပိုမိုတိုးမြင့်ရရှိရန် ကြိုးပမ်း ရ မည်ဖြစ်သည်။
-
ယင်းပြိုင်ပွဲတွင် ဘောလုံး၊ ဂေါက်သီး၊ ကျွမ်းဘား၊ ရုံတွင်းဟော်ကီ၊ ရေခဲပြင်ဟော်ကီ၊ ပြေးခုန်ပစ်၊ ရေကူး၊ မြားပစ်၊ Arnis ၊ ကြက်တောင်၊ ဘေ့စ်ဘော/ှ Softball၊ ဘတ်စကက်ဘော၊ ဘိလိယက်၊ ဘိုးလင်း၊ Handball ၊ Netball ၊ လက်ဝှေ့၊ ကနူး/ ကယက်/ ရိုးရာလှေ၊ စစ်တုရင်၊ စက်ဘီး၊ Dance Sport၊ ဓားရေး၊ ရေခဲပြင် စကိတ်၊ ဂျူဒို၊ ကရာတေး၊  မွေလက်ဝှေ့၊ Modern Pentathlon ၊ ပန်ကြပ်စီလပ်၊ ပိုလို၊ အပြည်ပြည် ဆိုင်ရာလှေ၊ ရပ်ဘီ၊ ရွက်လှေ/ Windsurfing၊ ပိုက်ကျော်ခြင်း/ ခြင်းလုံး၊ သေနတ်ပစ်၊ Skateboarding ၊ စားပွဲ တင်တင်းနစ် ၊ Soft Tennis၊ Squash၊ တိုက်ကွမ်ဒို၊  Surfing၊ တင်းနစ်၊ သုံးမျိုးစုံ၊ ဘော်လီဘော၊ နပန်း၊ အလေးမ၊ ဝူရှူး၊ E-Sports၊ Floorball ၊ဂျူဂျစ်ဆု၊ ကစ်ဘောင်ဆင်၊ Kurash၊ Lawn Bowls/ ပီတန်း၊ Obstacle Course၊ Sambo /ဗိုဗီနမ်၊ Underwater Hockey နှင့် Wakeboarding တို့ ထည့်သွင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger