www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2018

ခြင်ဆေးခွေ ထွန်းရာက မီးလောင်မှုဖြစ်ပွား

နတ်တလင်း   နိုဝင်ဘာ ၇
-
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့ မြို့မရပ်ကွက် ဗိုလ်ရုံလမ်း၌ ယမန်နေ့ ည ၉ နာရီက လယ်ယာသုံး ပစ္စည်းများ ရောင်းချသည့်ဆိုင်တွင် ခြင်ဆေးခွေထွန်းရာက  မီးလောင်မှုဖြစ်ပွားကြောင်း   သိရသည်။
-
ဖြစ်စဉ်မှာ နတ်တလင်းမြို့ မြို့မရပ်ကွက် ဗိုလ်ရုံလမ်းရှိ လယ်ယာသုံးပစ္စည်းများ ရောင်းချ သည့်ဆိုင်တွင် ဆိုင်ရှင် ဒေါ်စန္ဒာညွန့် ၅ဝ နှစ်မှာ ဆိုင်အတွင်း ခြင်ဆေးခွေထွန်းခဲ့ပြီး ဆိုင်ပိတ်သိမ်းကာ နေအိမ်သို့ ပြန်သွား ရာမှ အလျား ၁၈ ပေ၊ အနံ ၁၂ ပေ ပျဉ်ကာ သွပ်မိုးတစ်ထပ်ဆိုင်ခန်း သုံးခန်းတွဲကို မီးကူးစက်လောင်ကျွမ်းခဲ့သည်။
-
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇေဝဏ္ဏလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဝင်းနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် သန္ဓေအရန် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ခုနစ်စီးဖြင့်    ဝိုင်းဝန်းငြှိမ်းသတ်ကြသည်။
-
ဖြစ်စဉ်နှင့် ပတ်သက်၍ စန္ဒာညွန့်အား နတ်တလင်းမြို့မရဲစခန်းမှ(ပ)၉၁၈/၂ဝ၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။         
-
တင်မြင့် (နတ်တလင်း)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger