www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 5, 2018

ပင်းတယ- ရွာငံ- ကလောမြို့နယ်တို့သို့ ခရီးကြမ်း စက်ဘီးစီး ခရီးစဉ်ကျင်းပ

ပင်းတယ- ရွာငံ- ကလောမြို့နယ်တို့သို့ ခရီးကြမ်း စက်ဘီးစီး ခရီးစဉ်ကျင်းပ
-
ပင်းတယ နိုဝင်ဘာ ၎
-
ခရီးကြမ်း စက်ဘီးစီး အဖွဲ့ဝင်များက သဘာဝအခြေပြု ဒေသန္တရခရီး သွားမြှင့်တင်ရေး  အထောက်အကူပြု  ခရီးကြမ်း စက်ဘီးစီး ခရီးစဉ်ကို ယမန် နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်းတယမြို့၌ ကျင်းပသည်။
-
 ရှေးဦးစွာ ခရီးကြမ်းစက်ဘီးစီးအဖွဲ့ ဝင်များသည်  ဆင်ခေါင်းရပ်ကွက် ရှိ Golden Cave Hotel မှစတင်၍ ပင်းတယ မြို့မှ ရေဖြူ၊ ဇော်ဂျီ၊ ရွှေပုထိုး ကျေးရွာတို့ကို ဖြတ်သန်းပြီး  ထိုမှတစ်ဆင့် အင်းယားကန်ပတ်လမ်း ကိုပတ်ကာ တောင်ပေါ်လမ်း အတိုင်း ကံလှကုန်းရွာကို ဖြတ်သန်းလျက် မဲနယ်တောင်ကျေးရွာသို့ ရောက်ရှိပြီး ပေ ၆ဝဝဝ ကျော်မြင့် သော မဲနယ် တောင်ပေါ်သို့  ခြေကျင်ခရီး တက်ရောက်ကြသည်။ 
-
အဆိုပါ ခရီးကြမ်း စက်ဘီးစီး အဖွဲ့ဝင် ၆ဝ ဦးသည် ခရီးကြမ်း စက်ဘီးစီး ခရီးစဉ်အဖြစ်  ဆက်လက်၍ ယနေ့ နံနက်ပိုင်းတွင် ရွာငံမြို့နယ်ရှိ မဲနယ် တောင်ကျေးရွာမှ  မြသပိတ် ရေပြာကန်၊ တောကျယ်ရေတံခွန်၊ မိန်းမရဲ သခင်မ တောင်လမ်း အတိုင်း ခရီးကြမ်း စက်ဘီးစီးနင်းကာ  ထိုမှတစ်ဆင့် ကလောမြို့သို့   ဆက်လက်စီးနင်း မည်ဖြစ် ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger