www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 5, 2018

ဖြူးမြို့၌ လေးဆူဗုဒ္ဓလိုတရ ရွှေတိဂုံပုံတူ စေတီတော် တည်ဆောက်လျက်ရှိ

ဖြူးမြို့၌ လေးဆူဗုဒ္ဓလိုတရ ရွှေတိဂုံပုံတူ စေတီတော် တည်ဆောက်လျက်ရှိ
-
ဖြူး နိုဝင်ဘာ ၎
-
ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ ဒက္ခိဏာရုံစာသင်တိုက်အတွင်း ဖြူးမြို့၏ ကျက်သရေဆောင် ဉာဏ်တော် ၁ဝ၈ ပေအမြင့်ရှိ လေးဆူဗုဒ္ဓလိုတရ ရွှေတိဂုံပုံတူစေတီတော်ကြီး တည်ဆောက်လျက် ရှိကြောင်း သိရသည်။ 
-
အဆိုပါ လေးဆူဗုဒ္ဓလိုတရ ရွှေတိဂုံပုံတူစေတီ၏ ဖောင်ဒေးရှင်း လုပ်ငန်းများမှာ ယခုအခါ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်သည်။ ယင်းစေတီတော်၏ ကုန်းတော်အမြင့်မှာ ၁၁ ပေဖြစ်ပြီး စေတီတော် ရင်ပြင်တော် အကျယ်ပေ ၂ဝဝ ပတ်လည်၊ စေတီတော်လိုဏ်ဂူအမြင့် ၁၈ ပေ၊ စေတီတော်လိုဏ်ဂူ အကျယ်ပေ ၁ဝဝ ပတ်လည်၊ လိုဏ်ဂူတော်မုခ် လေးခု၊ ဗုဒ္ဓရုပ်ပွားတော်လေးဆူ၊ စေတီတော်ဉာဏ်တော် ၁ဝ၈ ပေဖြင့် တည်ထားကိုးကွယ်မည်ဖြစ်သည်။ 
-
အဆိုပါစေတီတော် တည်ဆောက်ရေး အတွက် ဆက်သွယ်လှူဒါန်းလိုပါက အကျိုးတော်ဆောင်အဖွဲ့ လေးဆူဗုဒ္ဓလိုတရ ရွှေတိဂုံပုံတူ စေတီတော်မြတ်ကြီး ဒက္ခိဏာရုံ စာသင်တိုက် ဖြူးမြို့ ဖုန်း-ဝ၉-၂၆ဝ၇၆ဝ၂၇၁၊ ဝ၉-၂၆ဝ၇၆ဝ၂၇၂ ၊ ဝ၉-၇၉၉၉၈၂၄ဝ၅ ဝ၉-၇၉၉၉၈၄၄ဝ၆ သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger