www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 5, 2018

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၌ ဓာတ်အားခွဲရုံသစ်ဖွင့်လှစ်

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၌ ဓာတ်အားခွဲရုံသစ်ဖွင့်လှစ်
-
လှိုင်းဘွဲ့  နိုဝင်ဘာ   ၎
-
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကမ်းနီ ကျေးရွာ၌ ဓာတ်အားလိုင်းမှ ၂၄ နာရီ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပြီး စီးသွားပြီဖြစ်သောကြောင့် ဓာတ်အားလိုင်း ၁ ဒသမ ၂၅ မိုင်နှင့် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေဓာတ်အားခွဲရုံ သစ်ဖွင့် ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ ခွဲတွင် အဆိုပါကျေးရွာ ဓာတ်အားခွဲရုံ၌ကျင်းပသည်။ 
-
အဆိုပါ   ဓာတ်အားခွဲရုံသစ် ဖွင့်ပွဲ အခမ်းအနားတွင်  ကရင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က   အမှာ စကား ပြောကြားပြီး ကရင်ပြည်နယ် အစိုးရ အဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်က မီးလင်းရေးအတွက် ဆောင်ရွက် ပေးခဲ့သည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက်   ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်က ဓာတ်အားလိုင်းနှင့် ခွဲရုံကို အောင်မြင်စွာ ဆောင်ရွက် ပေးသော အောင်သောင်း ကုမ္ပဏီ Managing Director ဦးထွန်းလင်းသောင်း ထံသို့ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။ ဆက်လက်၍ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစောချစ်ခင်က ဓာတ်အားလိုင်းနှင့် ခွဲရုံဖွင့်ပွဲ ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်၍ ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ဆိုင်းဘုတ်ကိုအမွှေးနံ့သာ များပက်ဖျန်းပေးကာ ကရင်ပြည်နယ်လွှတ် တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ လူမှုရေးဝန်ကြီး   ဒေါက်တာ တင်ဝင်းကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုနှင့် အောင်သောင်းကုမ္ပဏီ  Managing Director ဦးထွန်းလင်းသောင်း တို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြသည်။ 
-
အဆိုပါကမ်းနီကျေးရွာ၌ ဓာတ်အားလိုင်းဖြင့် ၂၄နာရီ လျှပ်စစ်မီးရရှိရေးအတွက် ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အား ခွဲရုံတည် ဆောက်ခြင်း လုပ်ငန်းကို ပြည်နယ် အစိုးရ၏၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက် လျာထား ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။               
-
 ခင်စန်းမြင့်(ပြန်/ဆက်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger