www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

သတ္တမအကြိမ်မြောက် စာသင်သားသာမဏေအပါး ၁၈ဝဝ တို့အား ခြုံစောင်၊ သင်္ကန်းကပ်နှင့် သီလရှင်အပါး ၆ဝဝ တို့အား ဝတ်စုံ၊ ခြုံစောင်များ ကပ်လှူပွဲ ကျင်းပ

သတ္တမအကြိမ်မြောက် စာသင်သားသာမဏေအပါး ၁၈ဝဝ တို့အား ခြုံစောင်၊ သင်္ကန်းကပ်နှင့် သီလရှင်အပါး ၆ဝဝ တို့အား ဝတ်စုံ၊ ခြုံစောင်များ ကပ်လှူပွဲ ကျင်းပ
ရန်ကုန်   အောက်တိုဘာ   ၁၄
-
ပရဟိတအကျိုးဆောင်   အလှူရှင်များ(ရန်ကုန်မြို့) ၃၂ နှစ်ပြည့် အထိမ်းအမှတ်  သတ္တမ အကြိမ်မြောက် စာသင်သား သာမဏေအပါး ၁၈ဝဝ တို့အား  ခြုံစောင်၊ သင်္ကန်းကပ်နှင့်  သီလရှင်အပါး ၆ဝဝ တို့အား ဝတ်စုံ၊ ခြုံစောင်များ  ကပ်လှူပွဲ အခမ်းအနားကို   ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်   ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော် အတွင်းရှိ ဝိမုတ္တိရသဓမ္မာရုံကြီး၌ ကျင်းပရာ   နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ အမှူးပြုသော ဆရာတော်ကြီးများ၊ သံဃာတော်များ ကြွရောက်တော်မူကြသည်။
-
ထို့နောက် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု  အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက   မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ အလှူရှင်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။
-
ယင်းနောက် ကြွရောက်တော် မူလာကြသည့် ဆရာတော်ကြီးများ၊ သံဃာတော်များထံမှ   ပရိတ်တရားတော်များ နာယူကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်   ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ညွှန်ကြားရေးမှူး ဦးစိန်မော်က သာသနာရေး ဆိုင်ရာများ လျှောက်ထားပြီး ပရဟိတအကျိုးဆောင် အလှူရှင်များ ကိုယ်စား ဦးဝင်းကျော်နိုင်က ပရဟိတ အကျိုးဆောင် အလှူရှင် (ရန်ကုန်မြို့)၏ ၃၃ ကြိမ်မြောက် ဗလာစာအုပ် လှူဒါန်းရခြင်း၊ ရေဘေးသင့် ပြည်သူများအား လှူဒါန်းရခြင်း၊ သာမဏေ သင်္ကန်းကပ်လှူခြင်းနှင့် သီလရှင်ဝတ်စုံ လှူဒါန်းရခြင်း အကြောင်းတို့အား လျှောက်ထားသည်။
-
ယင်းနောက် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ မင်းကျောင်း စာသင်တိုက်ဆရာတော် ဘဒ္ဒန္တစန္ဒိမာ ဘိဝံသ ထံမှ အလှူရှင်များက အနုမောဒနာ တရား နာကြားကာ ရေစက်သွန်းချ အမျှပေးဝေကြကြောင်း သတင်း ရရှိသည်။
-
(သတင်းစဉ်)


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger