www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

ကော့သောင်းမြို့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်းမြို့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်း  အောက်တိုဘာ  ၁၄
-
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  ယနေ့မွန်းလွဲပိုင်းတွင်  ကော့သောင်းမြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသည်။
-
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့   ရန်ပုံငွေ ကျပ်သန်း ၁၃၄၄ဝ အကုန်အကျခံ တည်ဆောက်လျက် ရှိသည့် အရှည်ပေ ၂၄ဝဝ၊ ယာဉ်သွားလမ်း အကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၅ ဒသမ ၆ ပေအကျယ်ရှိ ပုလုံးတုံးတုံး ကွန်ကရစ်တံတား တည်ဆောက်မှု လုပ်ငန်းခွင်သို့ရောက်ရှိရာ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့ အမှတ်(၄) တာဝန်ခံညွှန်ကြားရေးမှူး(မြို့ပြ)  ဦးကျော်မျိုးထွန်းက တံတားဆိုင်ရာအချက်အလက်များ၊ လုပ်ငန်းဆောင်ရွက် ပြီးစီးမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းပိုင်းများနှင့် ဘဏ္ဍာငွေ ရရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
-
ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကော့သောင်းမြို့ ပုလုံးတုံးတုံးကျေးရွာသို့ ရောက်ရှိပြီး မြေပြိုမှုသဘာဝဘေးဒဏ် သင့်ခဲ့ရသည့် မြေနေရာသို့ သွားရောက်ကြည့်ရှု၍ ကျေးရွာနေပြည်သူများ ဆက်လက်နေထိုင်ရန် မသင့်လျော်သဖြင့် အဆိုပါနေရာအား ထပ်မံနေထိုင်ခွင့် မပြုကြရန်နှင့် အားကစားကွင်းအဖြစ် အသုံးပြုနိုင်ရန် တာဝန်ရှိသူများသို့ မှာကြားသည်။ ယင်းနောက် မြေပြိုမှုသဘာဝဘေးဒဏ် သင့်ခဲ့ရသည့် မိသားစုများအတွက် အိမ်ရာပြန်လည် တည်ဆောက်နိုင်ရန် အန္တရာယ်ကင်းရှင်းသည့် ပြန်လည်နေရာချထားပေးမည့် မြေနေရာသို့သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို  တာဝန်ရှိအဖွဲ့အစည်းများသို့ မှာကြားသည်။
-
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာအရေးပေါ် ခိုလှုံရာနေရာနှင့် ဘက်စုံသုံး အဆောက်အအုံ၌   ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြေပြိုဘေးဒဏ်သင့် မိသားစုများကို ထောက်ပံ့ငွေများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger