www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ

ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာ
ရန်ကုန် အောက်တိုဘာ ၁၄
-
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဦးဆောင်သည့်  မြန်မာကိုယ်စားလှယ် အဖွဲ့သည် မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းသံရုံးမှ Minister Counsellor Mr. Thanwa Phudphong လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှ ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေးခရီး ထွက်ခွာရာ တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
-
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် တရား ရေးဝန်ကြီးဌာန ဝန်ကြီး H.E. Air Chief Marshal. Prajin Juntongနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ သတင်းဖလှယ်ရေး၊ လေ့လာရေးခရီး စေလွှတ်ရေး၊ နယ်စပ်ဆက်ဆံရေးရုံးများ အကြား လျင်မြန်စွာ ဆက်သွယ် ဆက်ဆံနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 
 -       
(သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger