www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

မိုးမိတ်မြို့နယ်၊ ညောင်နီကျေးရွာအနီး၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

မိုးမိတ်မြို့နယ်၊ ညောင်နီကျေးရွာအနီး၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ
-
နေပြည်တော် အောက်တိုဘာ ၁၄
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ညောင်နီကျေးရွာ(အထက်)အနီး ပတ်ဝန်းကျင် တစ်ဝိုက်၌ တရားမဝင်သစ်များ စုပုံထားကြောင်း သတင်းအရ ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် သွားရောက်စစ်ဆေးရာ ညောင်နီကျေးရွာ၏ မြောက်ဘက် ၃ မိုင်ခန့်အကွာသို့ အရောက်၌ သစ်ပင်ချုံနွယ်များ ဖုံးအုပ်၍  တရားမဝင် စုပုံထားသော ပိတောက်သစ်လုံးဆိုဒ်စုံ ၅ဝဝ လုံး(ခန့်မှန်း၈ဝ တန်ခန့်)၊ သစ်ဆွဲရာတွင် အသုံးပြုသည့် ဆင်နှစ်ကောင်တို့နှင့်အတူ တနိုင်းမြို့နယ်၊ ဆွန်ဆကျေးရွာနေ ဦးဆိုင်း(ဘ) ဦးနော်ဂျာ အပါအဝင် အမျိုးသားခုနစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့သည်။
-

-
အဆိုပါတရားမဝင် သစ်များ၊ ဆင်များနှင့်အတူ ဖမ်းဆီးရမိသူများအား တရားဥပဒေအရ အရေးယူနိုင်ရေး မိုးမိတ်မြို့နယ်၊ သစ်တော ဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ 

#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger