www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

လွိုင်လင်မြို့အနီး၌ ငွေကျပ်သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

လွိုင်လင်မြို့အနီး၌ ငွေကျပ်သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သယ်ဆောင် လာသူများအား ဖမ်းဆီးရမိ

နေပြည်တော် အောက်တိုဘာ ၁၄
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ လွိုင်လင်မြို့မှ တောင်ကြီးမြို့ဘက်သို့ အထွက် ဟိုတင့်ရွာအနီး၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် အောက်တိုဘာ ၁၃ ရက် နံနက် ၈ နာရီခွဲခန့်တွင် လွိုင်လင်မြို့ဘက်မှ တောင်ကြီးမြို့ဘက်သို့ ယာဉ်မောင်းနေဝင်း (ခ) ဦးဒန့် မောင်းနှင်ပြီး ဇနီးဖြစ်သူ မမူးမတ် (ဘ) ဦးစိန်  လိုက်ပါလာသွေှာ TOYOTA  HIACE အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN 3J/----အား ရပ်တန့် စစ်ဆေးရာ ယာဉ်ပေါ်မှ  WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝဝဝ ပြား (ခန့်မှန်း ၉ ကီလိုဂရမ်ခန့်) နှင့် ဘိန်းစိမ်း၁ ဒသမ ၅ ကီလိုဂရမ် (စုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ် သိန်း ၁ဝဝဝ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
-
ဖမ်းဆီးရမိသူများအား စစ်ဆေးမေးမြန်းချက်များအရ  ယင်းမူးယစ်ဆေးဝါးများမှာ ကရင်ပြည်နယ်၊ မြဝတီမြို့နေ အောင်ခိုင်ဆိုသူထံမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
-
အဆိုပါ ငွေကျပ်သိန်း ၁ဝဝဝ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား လွိုင်လင်မြို့မရဲစခန်းမှ တရား ဥပဒေအရ အမှုဖွင့် အရေးယူနိုင်ရေးနှင့် မူးယစ်ဆေးဝါးများနှင့် ဆက်စပ်သူအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger