www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်

မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်

ပုလော အောက်တိုဘာ ၁၄
-
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပုလောမြို့နယ် ရှပ်ပုံကျေးရွာ အထဲစုရပ်၌ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
-
ဖြစ်စဉ်မှာ ပုလောမြို့နယ် ရှပ်ပုံကျေးရွာအုပ်စု ရှပ်ပုံကျေးရွာ အထဲစုရပ်ရှိ ဒေါ်မလဲ ၆၅ နှစ်သည် နေ့လယ်စာ ထမင်းချက်ပြီး မီးဖိုအား မီးငြှိမ်းသတ်ခဲ့သော်လည်း မီးကြွင်းမီးကျန်များ ကျန်ရှိနေခဲ့သဖြင့်  မီးကြွင်း မီးကျန်များမှတစ်ဆင့် မီးဖိုအနီးတွင် ရှိနေသော ဝါးထရံကို မီးစတင် လောင်ကျွမ်းခဲ့သည်။
-
မီးလောင်မှုဖြစ်ပွားရာသို့ ပုလောမြို့မ ရဲစခန်းမှ  ဒုတိယရဲအုပ်ကျော်မိုးလွင်နှင့် တပ်ဖွဲ့ဝင်များ၊ ပုလောမြို့နယ် မီးသတ်ဦးစီးဌာန  ဦးစီးမှူး  ဦးအောင်သူဦးနှင့်  သန္ဓေ မီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား ၁၅ဝ  ခန့်က   မီးငြှိမ်းသတ်ယာဉ်တစ်စီး၊ ရေသယ်ယာဉ် တစ်စီးတို့ဖြင့်  ဝိုင်းဝန်းငြှိမ်းသတ်ရာ မွန်းလွဲ ၂ နာရီ မိနစ် ၅ဝ အချိန်တွင် မီးညွန့်ကျိုးခဲ့ပြီး မွန်းလွဲ ၂ နာရီ ၅၇ မိနစ်တွင် မီးလုံးဝငြိမ်းသွားရာ လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
-
မီးလောင်မှုကြောင့် အလျား ၂၄ ပေ၊ အနံ ၁၅ ပေ၊ အမြင့် ၁၈ ပေရှိ နေအိမ်အောက်ခြေ အုတ်ဖိနပ်၊  ဓနိမိုး၊  ပျဉ်ခင်း၊ထရံကာ နေအိမ်တစ်လုံး    ကာလတန်ဖိုး ငွေကျပ်၂၇ဝဝဝဝ ခန့် ပျက်စီး ဆုံးရှုံးခဲ့သည်။
-
ဖြစ်စဉ်နှင့်ပတ်သက်၍ အိမ်ရှင် ဒေါ်မလဲအား ပုလောမြို့မရဲစခန်းက (ပ)၉၅/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger