www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

အမိုနီယမ်နိုက်ထရိတ် အလေးချိန် ကီလိုဂရမ် ၁၆ဝဝဝ သိမ်းဆည်းရမိ

အမိုနီယမ်နိုက်ထရိတ် အလေးချိန် ကီလိုဂရမ် ၁၆ဝဝဝ သိမ်းဆည်းရမိ

မိုးညှင်း အောက်တိုဘာ ၁၄
-
ကချင်ပြည်နယ်  မိုးညှင်းမြို့နယ်အတွင်း ယမန်နေ့တွင် နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များက မော်တော်ယာဉ်များအား ရှောင်တခင်စစ်ဆေးရာ ၁၂ ဘီးယာဉ်နှင့်အတူ အမိုနီယမ်နိုက် ထရိတ်အလေးချိန် ကီလိုဂရမ် ၁၆ဝဝဝ ရှာဖွေဖော်ထုတ် သိမ်းဆည်းရမိသည်။
-
ဖြစ်စဉ်မှာ ယမန်နေ့ မွန်းလွဲ ၁ နာရီက မိုးညှင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်ဝင်းအောင်သက် ဦးစီးသည့် တပ်ဖွဲ့ဝင်များသည် နန့်စီးအောင် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်များကို လုံခြုံရေးအရ ရှောင်တခင်စစ်ဆေး ဆောင်ရွက်စဉ် စစ်ကိုင်းတိုင်း ဒေသကြီးဘက်မှ မိုးညှင်းသို့ ဝင်းလှိုင် (ခ)စိန်ဝင်းမြိုင် ၃၅ နှစ် မောင်းနှင်လာသည့် နီဆန်းဒီဇယ် အမျိုးအစား 8I/--နံပါတ်ပါ ၁၂ ဘီးယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်တွင် Crown  စာတန်းပါ အိတ်၎ဝဝ တွင် အမိုနီယမ်နိုက်ထရိတ် အလေးချိန်၁၆ဝဝဝ ကီလိုဂရမ်ကို  ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသည်။
-
ဖြစ်စဉ်နှင့် ပတ်သက်၍ ဝင်းလှိုင်(ခ)စိန်ဝင်းမြိုင် ၃၅ နှစ်ကို မိုးညှင်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ (ပ)၂၆၃/၂ဝ၁၈၊ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၃၇/၃၈ အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger