www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 15, 2018

သိန်းနီမြို့နယ်၊ မိုင်းလီရွာသစ် အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

သိန်းနီမြို့နယ်၊ မိုင်းလီရွာသစ် အနီး၌ တရားမဝင်သစ်များ သိမ်းဆည်းရမိ

နေပြည်တော် အောက်တိုဘာ ၁၄
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းနီမြို့နယ်၊ ရေပူစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင် ရွက်နေသော ပူးပေါင်းအဖွဲ့သည် လားရှိုး- မူဆယ်ပြည်ထောင်စု ကားလမ်းမကြီး မိုင်တိုင် အမှတ်၊ ၁၉၃/၆၊ မိုင်းလီရွာသစ်နှင့် မိုင်တိုင် အမှတ်၊ ၁၉၅/၆၊ ကောင်းဆာကျေးရွာအနီး တို့၌ မသင်္ကာဖွယ်ယာဉ်များ ရပ်တန့်ထားကြောင်း သတင်းအရ အောက်တိုဘာ ၁၃ ရက် နံနက် ၁ဝ နာရီခန့်တွင် သွားရောက် စစ်ဆေးရာ အဆိုပါနေရာများ၌ ရပ်တန့်ထားသည့် NISSAN UD 6W အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ TOYOTA WISH အမျိုးအစား မော်တော်ယာဉ်ခြောက်စီး၊ TOYOTA ALPHARD အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ FOTON 6W အမျိုးအစားမော်တော် ယာဉ်တစ်စီး၊ NISSAN X-TRAIL အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ TOYOTA LITEACE အမျိုးအစား မော်တော်ယာဉ် တစ်စီး၊ စုစုပေါင်း မော်တော်ယာဉ် ၁၁ စီး ပေါ်တွင် တရားမဝင်ပိတောက်သစ် ဓားရွေတုံး ၁၁ ဒသမ ၅၄ တန်ခန့်ကို တွေ့ရှိသိမ်း ဆည်းရမိခဲ့သည်။
-






-
အဆိုပါ သိမ်းဆည်းရမိ တရားမဝင်သစ်များနှင့် ယာဉ်များအား လားရှိုးမြို့နယ် သစ် တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger