www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 18, 2018

၂ဝ၁၈ -၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်

၂ဝ၁၈ -၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာ သင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်
-
နေပြည်တော် အောက်တိုဘာ ၁၇
-
၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက် ရောက်ပညာ သင်ကြားလျက်ရှိသည့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ   တပ်မတော်သား မိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်း စစ်ဌာနချုပ်၊ အေးချမ်းဖြိုးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့်   ကျောင်းသားမိဘများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းစစ်ဌာနချုပ်ရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူ ၃၄၈ ဦးတို့ကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ကျောင်း ဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။                 
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger