www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 18, 2018

ရွှေ ဥမင်လိုဏ်ဂူတော်ဘုရားပရဝဏ်အတွင်း ဆီမီးတစ်သောင်းတစ်ထောင်ကပ်လှူပူဇော်မည်


-
ပင်းတယ အောက်တိုဘာ  ၁၇ 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ရှိ ရွှေဥမင်သဘာဝလိုဏ်ဂူတော်ဘုရားပရဝဏ်အတွင်းရှိ ရှေးဟောင်းစေတီပုထိုးတော်မြတ်များနှင့်ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဆီမီးတစ်သောင်းတစ်ထောင် ကပ်လှူပူဇော်ပွဲကိုအောက်တိုဘာ ၂၅ ရက်တွင် ကပ်လှူပူဇော်မည်ဖြစ်ကြောင်း သိရသည်။ 
-
အဆိုပါ ဆီမီးတစ်သောင်းတစ်ထောင်ကပ်လှူပူဇော်ခြင်းကို ပင်းတယမြို့နယ်အတွင်းရှိ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ ပလောင်အစရှိသော ဒေသနေတိုင်းရင်းသား မိဘပြည်သူများ၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များနှင့် ရွှေဥမင်ဘုရားသို့ လာရောက်ဖူးမြော်ကြသည့် ဘုရားဖူးများ၏ အလှူငွေများဖြင့်မြို့နယ်သံဃနာယက ဆရာတော်ဦးဆောင်မှုဖြင့် လှူဒါန်းပူဇော်ကြမည်ဖြစ်သည်။ 
-
သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့(အောက်တိုဘာ ၂၅ ရက်) ညနေ ၆ နာရီမှစတင်ကာ ဆီမီးများထွန်းညှိပူဇော်ခြင်း၊ ပင်းတယမြို့နယ် ရပ်ကွက်ကျေးရွာများမှ တိုင်းရင်းသားမိဘပြည်သူများက ရွှေဥမင်
ဘုရားတောင်ခြေ တပေါင်းအောင်မြေဘုရားရှိ စေတီပုထိုးတော်မြတ်များအား လက်ယာရစ်လှည့်ပတ်ပူဇော်ခြင်း၊ဆရာတော် သံဃာတော်များအား ရှစ်ခိုးကန်တော့၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း
ခြင်း၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်း စသည့်ကုသိုလ်ကောင်းမှုများကို ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။ 
-
(၄၁၁)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger