www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 18, 2018

တာဝန်ကျယာဉ်ထိန်းရဲအား မော်တော်ယာဉ်ဖြင့်တိုက်၍သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူအားဖမ်းဆီးရမိ


-
နေပြည်တော် အောက်တိုဘာ ၁၇ 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ဒေါင်းဇရပ်လမ်းဆုံ၌ တာဝန်ကျယာဉ်ထိန်းရဲ ရဲတပ်ကြပ်ကြီးမျိုးဇော်ဦးနှင့်ရဲဒုတိယတပ်ကြပ်သက်ကိုဦးတို့က အောက်တိုဘာ ၁၄ ရက် နံနက် ၈ နာရီခန့်တွင် မုဒုံ
ဘက်မှ ဈေးကြိုဘက်သို့မောင်းနှင်လာသည့်ဝေ့ဖ်အမျိုးအစား YGN 3k---အဖြူရောင်ယာဉ်အားစစ်ဆေးရန်တားဆီးခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသဖြင့် ရဲတပ်ကြပ်ကြီးမျိုးဇော်ဦးက မော်တော်ဆိုင်   ကယ်ဖြင့်လိုက်လံဖမ်းဆီးခဲ့ရာ မြိုင်သာယာရပ်ကွက်၊ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းဆုံအရောက်တွင် အဆိုပါယာဉ်မှ မော်တော်ဆိုင်ကယ်အား ဝင်ရောက်တိုက်ပြီး အသင့်ပါရှိလာသည့်သေနတ်ဖြင့် ငါးချက် ခန့်ပစ်ခတ်ခဲ့သဖြင့် ယာဉ်ထိန်းရဲတပ်ကြပ်ကြီးမျိုးဇော်ဦးနှင့် လမ်းပေါ်၌ ခရီးသွားလာနေသူကျိုက်မရော       မြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ မောင်အေးမင်းခန့်တို့အား ကျည်ထိမှန်ခဲ့ကာ ထိခိုက်ဒဏ်ရာများရရှိခဲ့ သည်။
-
ယာဉ်မောင်းသူမှာ ယာဉ်အားထား၍ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကာ ယာဉ်ပေါ်မှ ၎င်း၏ဇနီးဖြစ်သူ ဒေါ်အေးမွန်နှင့်အတူ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့ဝင်ကတ် နှစ်ကတ်နှင့် WY နှင့် Rစာတန်းပါ စိတ်ကြွရူးသွပ်
ဆေးပြား ၂ဝဝဝ တို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး ထွက်ပြေးသွားသူမှာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ဒုတိယဗိုလ်အဆင့်ရှိ နိုင်ပိုက်ထွေး၊ ၅၂ နှစ်(ဘ)ဦးမွန်ကိုဖြစ်ကြောင်းနှင့် ယင်းမူးယစ်ဆေးဝါးများကို
ဖြန့်ဖြူးရောင်းချရန်ဖြစ်ကြောင်း ကနဦးသိရှိရသည်။
-
ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖမ်းဆီးရမိနိုင်ရေး ပိတ်ဆို့ရှာဖွေမှုများပြုလုပ်ခဲ့ရာ ယနေ့ နံနက် ၅ နာရီခွဲခန့်တွင် မြိုင်သာယာရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အ.ထ.က(၁၂)နှင့်စာတိုက်လမ်းခွဲကြား၌ နိုင်ပိုက်ထွေးကို ဖမ်းဆီးရမိခဲ့သည်။
-
ဖမ်းဆီးရမိသူ နိုင်ပိုက်ထွေးအား စစ်ဆေးမေးမြန်းချက်များအရ ၎င်းမှာ ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊ ဖက်ကတာကျေးရွာဇာတိဖြစ်ကာ ၁၉၉၅ ခုနှစ်၊ အသက် ၁၉ နှစ်အရွယ်တွင် မွန်ပြည်သစ်ပါတီသို့ စတင် 
ဝင်ရောက်ခဲ့ပြီး ကော့ယက္ခကျေးရွာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း၊ မွန်ပြည်သစ်ပါတီဥပဒေဘောင်      အတွင်းဝင်ရောက်ချိန်တွင် ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့သို့နှစ်နှစ်ခန့်သွားရောက်လုပ်ကိုင်ခဲ့ကာ အဆင်မပြေသဖြင့် မွန်ပြည်သစ်ပါတီသို့ ပြန်လည်ရောက်လာခဲ့ကြောင်း၊ လွန်ခဲ့သည့် ရှစ်နှစ်ခန့်က အဖွဲ့အစည်း   နှစ်ဖွဲ့ကွဲသွားချိန် နိုင်အိုက်ချမ်းဦးစီးသည့် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့နောက်သို့ လိုက်ပါတာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ခြောက်လခန့်က ယင်းတပ်ဖွဲ့မှ မြိုင်သာယာရပ်ကွက်၊ ၇ လမ်း၊ အမှတ်(၃၈၅)နေ ဗိုလ်မှူးအဆင့်ရှိ မြင့်နိုင်နှင့်ဇနီးဖြစ်သူ ဒေါ်ထားထားနွယ်တို့ ၎င်းထံရောက်ရှိလာကာ ၃၂ ဗို့
 ခြောက်လုံးပြူးသေနတ်တစ်လက်နှင့် ယင်းကျည်ခြောက်တောင့် လာရောက်ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းသည် မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့တွင် တပ်သားအဆင့်ဖြင့်စတင်တာဝန်ထမ်းခဲ့ပြီး လွန်ခဲ့သည့်တစ်နှစ်ကျော်ခန့်က ဒုတိယဗိုလ်အဆင့်တိုးမြှင့်ခံခဲ့ရကာ ၎င်း၏တပ်ဖွဲ့ဝင်ကတ်များကို မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့၊ ကော့တုံဌာနချုပ်ရုံးမှ ရုံးအုပ်ကြီးအဆင့်ရှိ ဦးထွန်းမြင့်မှထုတ်ပေးခဲ့ကြောင်း၊ သိမ်းဆည်းရမိမူးယစ်ဆေးဝါးများကို မြင့်နိုင်ထံသို့ရောင်းချရန်သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
-
ဖြစ်စဉ်နှင့်ဆက်စပ်နေသူများအား ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger