www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 30, 2018

နမ္မတီးမြို့တွင် မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ နွားခိုးယူသတ်ဖြတ်ပြီး အသားများသယ်ဆောင်လာသူ နှစ်ဦးကို ဖမ်းမိ



မိုးကောင်း ၃ဝ-၈-၂ဝ၁၈

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့တွင် သြဂုတ် ၂၈ ရက် မွန်းလွဲ ၂နာရီ မိနစ်၃ဝက မသင်္ကာ၍ စစ်ဆေးမေးမြန်းရာမှ နွားတစ်ကောင်ကို ခိုးယူသတ်ဖြတ်ပြီး အသားများ သယ်ဆောင်လာသူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မိုးကောင်းမြို့နယ် နမ္မတီးနယ်မြေရဲစခန်းမှ ဒုတိယရဲအုပ် ကျော်လှိုင်ထွန်း ဦးစီးသော တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ နမ္မတီးမြို့ မြို့ဦးရပ်ကွက် လမ်းတွင်နယ်မြေလုံခြုံရေး လှည့်ကင်း ဆောင်ရွက်နေစဉ် မောင်ရီ(ဘ)ဦးအိုက်စိန် မြို့ဦးရပ်ကွက် နမ္မတီးမြို့နေသူ မောင်းနှင်ပြီးနောက်တွင် အေးမောင် (ဘ)ဦးစံအိုက် မြို့ဦးရပ်ကွက် နမ္မတီးမြို့နေသူ လိုက်ပါလာသော KENBO-125 နက်စိမ်းရောင် ဆိုင်ကယ်ကို မသင်္ကာသဖြင့် ရပ်တန့်ရှာဖွေစစ်ဆေး မေးမြန်းခဲ့သည်။

ထိုသို့ရှာဖွေရာ ဆိုင်ကယ်ခွကြား တွင်ညှပ်ထားသည့် ဆာလာအိတ် အတွင်းထည့်ထားသော အမဲသား ၁ဝ ပိဿာခန့်၊ အလေးချိန် နှစ်ပိဿာခန့်ရှိ နွားခေါင်းတစ်ခေါင်း၊ အလေးချိန် ၅ဝကျပ်သားခန့်ရှိ နွားလက်နှစ်ချောင်း၊ အလေးချိန် ၅ဝကျပ်သားခန့်ရှိ ခြေထောက်နှစ်ချောင်း စုစုပေါင်း တန်ဖိုးငွေကျပ် ၅ဝဝဝဝဝ ခန့်ကို ရှာဖွေ တွေ့ရှိသဖြင့် ၎င်းတို့နှစ်ဦးကို စစ်ဆေးမေးမြန်းရာ မရမ်းကျေးရွာ ကျွန်းတောအတွင်းမှ နွားတစ်ကောင်ကို သတ်၍ယူဆောင်လာ သည့်အသားများ ဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အေးမောင်၊ မောင်ရီတို့ကို နမ္မတီးနယ် မြေရဲစခန်းက (ပ)၂၄/၂ဝ၁၈၊ရာဇသတ်ကြီးပုဒ်မ- ၃၇၉(တ)/ကျင့် ၅၄ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger