နေပြည်တော် ၃ဝ-၈-၂ဝ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားမိသားစုဝင်များ သက်သာချောင်ချိရေးအတွက် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့် ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ဒေသခံပြည်သူများနှင့် တပ်မတော်သားများ စုစုပေါင်း ၁၁ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများကို တပ်မတော်(လေ)မှ စီစဉ်ပေးသော လေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ ပို့ဆောင်ပေး သည်။
အဆိုပါလေယာဉ်သည် ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများနှင့် တပ်မတော်သားများ စုစုပေါင်း ၁၁ ဦးနှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်။
#Themyawadydaily


No comments:
Post a Comment