www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 30, 2018

သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် ဘိလပ်မြေအိတ်များ တင်ဆောင်လာသော ၂၂ ဘီးတွဲယာဉ် ချောက်ထဲထိုးကျ



သာစည် ၃ဝ-၈-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မိတ္ထီလာ-တောင်ကြီးကားလမ်း မိုင်တိုင်အမှတ် (၃၄/၄)အနီး နတ်ရေထွက် ကုန်းဆင်းတွင် ယနေ့ညနေ ၃နာရီ မိနစ်၂ဝခန့်က ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သတင်းအရ ဒုတိယရဲအုပ် ရန်သိန်းနှင့်တပ်ဖွဲ့ဝင် များသည် သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုစစ်ဆေးရာ ယင်းမာပင်ဘက်မှ သာစည်ဘက်သို့ အောင်ခိုင် (ဘ)ဦးအောင်သင်း တာဝကျေးရွာ တွံ့တေးမြို့နယ်နေသူ မောင်းနှင်ကာ ယာဉ်နောက်လိုက် စစ်မင်းပိုင် (ဘ) ဦးဘကြည် ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နေသူ လိုက်ပါပြီး မော်တော်ယာဉ် နောက်ပိုင်းတွင် ဘိလပ်မြေ အိတ်အကြီး ၂ဝအိတ် တင်ဆောင်လာသော 6J/--- UG အဖြူရောင် ၂၂ဘီးတွဲယာဉ်မှာ အရှိန်လွန်ကာ လမ်း၏ ယာဘက်ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်မောင်းအောင်ခိုင်နှင့် ယာဉ်နောက်လိုက် စစ်မင်းပိုင်တို့တွင် ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း အောင်ခိုင်ကို ဥပဒေအရ အရေးယူပေးပါရန် ဒုတိယရဲအုပ် ရန်သိန်းက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ယင်းမာပင်နယ် မြေရဲစခန်းက ယာဉ်(ပ)၁၄/၂ဝ၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ-၂၇၉ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger