www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 28, 2015

နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန် လူငယ်အဖွဲ့ ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ၂ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည်များ တောင်ကိုရီးယား နိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေး ခရီးစဉ်မှ ပြန်လည်ရောက်ရှိ



နေပြည်တော် ၊ ၂၈-၈-၂ဝ၁၅

မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များအား နိုင်ငံတကာ ဗဟုသုတ တိုးပွားစေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှု နှင့် အသိပညာ များအား အတုယူလေ့လာ နိုင်စေရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ ဒုတိယ ဗိုလ်မှူးကြီး အောင်သန်း ဦးဆောင်သော ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည်များ ပါဝင်သော လေ့လာရေး အဖွဲ့သည် တောင်ကို ရီးယား သမ္မတနိုင်ငံ နှင့် စင်ကာပူ နိုင်ငံသို့ သွားရောက် လေ့လာခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် မှ တာဝန်ရှိ သူများ၊ ထူးချွန် ကျောင်းသား၊ ကျောင်းသူ များ၏ မိဘများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် ကိုရီးယားသမ္မတ နိုင်ငံရှိ အထင်ကရ နေရာများ ဖြစ်သော Changteok Palace, Bukchon Halok Village, Trick Eye Museum, Ice Museum, University School Tour, N-Seoul Tower အစရှိသည့် နေရာများ ၊ စင်ကာပူနိုင်ငံရှိ  Merlion Park, Universal Studio နှင့် Aquariul (Under Water World) အစရှိသည့် နေရာများအား လေ့လာခဲ့ ကြသည်။

အဆိုပါ လေ့လာရေး အဖွဲ့တွင် ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာ ထူးချွန်လူငယ် ရွေးချယ်ခံရသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများ ဖြစ်သော ကျောင်းသား၊ ကျောင်းသူ သုံးဦး၊ အမှတ်အများဆုံး ရရှိသော စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများ ဖြစ်သော ကျောင်းသား၊ ကျောင်းသူ ၂၄ ဦး၊ ၂ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည်သုံးဦး၊ ကျောင်းအုပ်ကြီး/ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အရာရှိ နှစ်ဦး၊ စစ်သူနာပြု အရာရှိ တစ်ဦး၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ အငြိမ်းစား အရာရှိတစ်ဦး အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၃၅ ဦးဖြင့် ကိုရီးယားသမ္မတ နိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့တွင် သြဂုတ် ၂၁ ရက်မှ ၂၆ ရက်အထိ သွားရောက် လေ့လာခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger