www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 27, 2015

၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး ၌ သူငယ်တန်းတက်မည့် ကလေး ၁၀၇၅၅၀ ကျော်ရှိပြီး ကျောင်းဝတ်စုံ အခမဲ့ ထုတ်ပေးသွားမည်



ရန်ကုန် ၊ ၂၇-၄-၂၀၁၅

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်တွင် ရန်ကုန်တိုင်း ဒေသကြီး၌ သူငယ်တန်း တက်မည့် ကျောင်းနေ အရွယ်ကလေး ၁ဝ၇၅၅ဝ ကျော်ရှိပြီး အဆိုပါ မူလတန်း ကလေးများအား ကျောင်းဝတ်စုံများ အခမဲ့ ထုတ်ပေး သွားမည် ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

အဆိုပါ စာရင်းကို ၂ဝ၁၅ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ အသက် ငါးနှစ်ပြည့် ကျောင်းတက်ရမည့် သူစာရင်း၊ ကျောင်းအပ်ရန် အခက်အခဲ ရှိသည့် လူစာရင်းနှင့် စာသင်ရန် အခက်အခဲ ရှိသည့် မသန်စွမ်း ကလေးများ ၏ စာရင်းများကို ပညာရေး ဝန်ကြီးဌာန မှ ကောက်ယူခဲ့ခြင်း ဖြစ်ပြီး လာမည့် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ကျောင်းနေအရွယ် ကလေးများ အားလုံးကို ကျောင်းတက် ရောက်နိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း အမှတ်(၃) အခြေခံပညာ ဦးစီးဌာန မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အတွက် ကျောင်းအပ်နှံ ရေးကို မေလ နောက်ဆုံးပတ်မှ စတင်လက်ခံ သွားမည်ဖြစ်ပြီး အဆိုပါ ပညာသင် နှစ်တွင် မူလတန်း ကလေးများကို ကျောင်းဝတ်စုံ အခမဲ့ ပေးသွားမည် ဖြစ်သည်။

အခမဲ့ ပညာရေးသည် ကျောင်းလခ နှင့် မိဘဆရာ အသင်းကြေးကို ကျောင်းသားများ ပေးဆောင်ရခြင်း မရှိသည့်စနစ် ဖြစ်ကြောင်း သိရသည်။

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်မှ အလယ်တန်း ပညာရေးကို အခမဲ့ စတင်ခဲ့ပြီး အထက်တန်း ပညာရေးကိုလည်း ၂ဝ၁၅- ၂ဝ၁၆ ပညာသင် နှစ်တွင် အခမဲ့ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger