www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 18, 2014

ယာဉ်မောင်းလိုင်စင်အား အတုအစစ် ခွဲခြားနိုင်သောစက်ဖြင့် မကြာမီ စစ်ဆေးမည်


ရန်ကုန်မြို့အတွင်း မောင်းနှင်သွားလာလျက် ရှိသောမော်တော်ယာဉ်များအား
တွေ့ရစဉ်

ရန်ကုန် ၊ ၁၈-၆-၂၀၁၄

ရန်ကုန်တိုင်း ဒေသကြီးအတွင်း မောင်းနှင် နေကြသည့် ယာဉ်များတွင် တရားဝင် လိုင်စင် ကိုင်ဆောင်ကာ မောင်းနှင်မှု ရှိ - မရှိ လိုင်စင် အတု - အစစ် ခွဲခြားသည့် စက်ဖြင့် မကြာမီ စစ်ဆေး အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ မှ သိရသည်။

ယာဉ်လိုင်စင် အတု ကိုင်ဆောင်ကာ မောင်းနှင် နေသော ယာဉ်မောင်းများ ကို လိုင်စင်အတု ၊ အစစ် ခွဲခြားနိုင်သည့် စက်ဖြင့် စစ်ဆေးကာ ဖမ်းဆီး အရေးယူမှုများ ပြုလုပ်နိုင်ရန် အတွင်း ယင်းစက်ကို တပ်ဖွဲ့ဝင်များ အားလုံးကို တပ်ဆင်ပေးကာ ထိရောက်သည့် အရေးယူမှုများ ပြုလုပ် သွားမည် ဖြစ်သည်။ ထိုကဲ့သို့ အရေးယူ ဆောင်ရွက်ရာတွင် လိုင်စင်အတု ကိုင်ဆောင် အသုံးပြု နေခြင်းကို တွေ့ရှိပါက ငွေဒဏ် နှင့် ထောင်ဒဏ် နှစ်ရပ်လုံးဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ထိုကဲ့သို့ ဖမ်းဆီးနိုင်ရန် အတွက်လည်း အဖွဲ့ ၉ ဖွဲ့ဖွဲ့ကာ မြို့နယ် ၃၁ မြို့နယ်၌ လှည့်ကင်း စနစ်ဖြင့် စည်ပင်ရဲ ၊ နယ်မြေခံရဲ့ ၊ ကညန ၊ ပို့/ဆက် ၊ ယာဉ်ထိန်း တပ်ဖွဲ့ဝင် အရာရှိ ဦးစီး ၁၂ ဦးတို့ဖြင့် စစ်ဆေး သွားမည် ဖြစ်သည်။

လိုင်စင်အတု ကိုင်ဆောင်ပါက ပြစ်မှု ပုဒ်မ ၄၂၀ (လိမ်လည်မှု) အပြင် ပုဒ်မ ၄၆၈ ( စာရွက်စာတမ်း အတု ပြုလုပ်မှု ) ဖြင့် အရေးယူ ဆောင်ရွက် သွားမည် ဖြစ်သည်ဟု အမှတ်(၂) ယာဉ်ထိန်း တပ်ဖွဲ့ခွဲမှူးရုံး မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇွန်လ ၁ ရက်မှ စတင်ကာ စည်းကမ်း ချိုးဖောက်မှု များပြားသော နေရာများ၌ အဖွဲ့ တစ်ဖွဲ့လျှင် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ အရာရှိ ဦးစီး တပ်ဖွဲ့ဝင် ၁၂ ဦး ၊ နယ်မြေခံ ရဲတပ်ဖွဲ့ ၊ စည်ပင် သာယာရဲတပ်ဖွဲ့ ၊ ကညန နှင့် မထသ (မြို့တွင်း အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်း ပါဝင်သော အဖွဲ့များ နှင့် ပူးပေါင်း အဖွဲ့ ဖွဲ့ပြီး လှည့်လည်ကာ စစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိရာ စုစုပေါင်း ၃၂၀၇ မှုအထိ ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြောင်း သိရသည်။ အဆိုပါ အမှုများ ထဲတွင် မီးနီဖြတ်မှု ၄၂ မှု ၊ လမ်းပိတ် ရပ်မှု ၁၆၉ မှု နှင့် လမ်းပြောင်းပြန် ၁၆၈ မှုတို့ ပါဝင်ကြောင်း သိရှိရသည်။

ကံထူး

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger