www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2013

ဖိလစ်ပိုင်နိုင်ငံသည် W-3A Sokol ရဟတ်ယာဉ်သစ် ၂ စင်းအား နောက်ဆုံးအသုတ် အဖြစ် လက်ခံရရှိခဲ့ခြင်း



၁၈-၂-၂၀၁၃

ဖိလစ်ပိုင် နိုင်ငံသည် ပိုလန်နိုင်ငံ PZL - Swidnik ရဟတ်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီထံမှ ၀ယ်ယူထားသည့် W-3A Sokol ရဟတ်ယာဉ် သစ် ၈ စင်းအနက်မှ နောက်ဆုံး အသုတ် ၂ စင်းအား ဖေဖော်ဝါရီ ၁၇ ရက်နေ့က လက်ခံ ရရှိခဲ့ကြောင်း ဖိလစ်ပိုင် လေတပ် ပြောရေးဆိုခွင့် ရှိသူ ဒုတိယ ဗိုလ်မှူးကြီး Miguel Ernesto Okol က ပြောကြား ခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံအနေဖြင့် ၄င်းရဟတ်ယာဉ် ၈ စင်း ၀ယ်ယူမှု အတွက် ပီဆိုငွေ ၂ ဒသမ ၈ ဘီလီယံ ( အမေရိကန် ဒေါ်လာ သန်း ၇၀ ) သုံးစွဲ ခဲ့ရသည်။ အဆိုပါ ရဟတ်ယာဉ် သည် ခေတ်မီ အင်ဂျင် ၂ လုံးတပ် ရဟတ်ယာဉ် ဖြစ်ကြောင်း နှင့် ရှာဖွေရေး နှင့် ကယ်ဆယ်ရေး မစ်ရှင်များ အတွက် များစွာ အထောက်အကူ ဖြစ်စေကြောင်း ၄င်းက ထပ်လောင်း ပြောကြား ခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံ အနေဖြင့် အဆိုပါ ရဟတ်ယာဉ်များ ၀ယ်ယူရေး အတွက် ကာကွယ်ရေး ၀န်ကြီး Voltaire Gazmin ၊ လေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Lauro Catalino Dela Cruz အပါအ၀င် ခေါင်းဆောင် အများစုက ၂၀၁၂ ခုနှစ်အတွင်း ဆုံးဖြတ်ချက် ချမှတ် ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Miguel Ernesto Okol က ပြောကြား ခဲ့သည်။

PZL - Swidnik ကုမ္ပဏီ အနေဖြင့် အဆိုပါ လေယာဉ် ၄ စင်းကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ လအတွင်း ဖိလစ်ပိုင် နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပြီး နောက်ထပ် ၂ စင်းကို ၂၀၁၂ နိုဝင်ဘာလတွင် လွှဲပြောင်း ပေးအပ် ခဲ့သည်။ အဆိုပါ ၆ စင်း ကို ဖိလစ်ပိုင် လေတပ်တွင် အသုံးပြု နေပြီ ဖြစ်သည်။ ၄င်း ရဟတ်ယာဉ် များသည် အလတ်စား ရဟတ်ယာဉ် များဖြစ်ပြီး အင်ဂျင် ၂ လုံးတပ် ဖြစ်ကာ ဘက်စုံ အသုံးပြု နိုင်သော ရဟတ်ယာဉ်များ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger