www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2013

ကွန်ပျူတာ တက္ကသိုလ် (ကျိုင်းတုံ) ဆဋ္ဌမ အကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ



ကျိုင်းတုံ ၊ ၁၈-၂-၂၀၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့နယ် ကွန်ပျူတာ တက္ကသိုလ် (ကျိုင်းတုံ) ၏ ဆဋ္ဌမ အကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို အဆိုပါ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ဖေဖော်ဝါရီ ၁၆ ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပ ပြုလုပ်ရာ ကွန်ပျူတာ တက္ကသိုလ် (ကျိုင်းတုံ) ကျောင်းအုပ် ဆရာမကြီး နှင့် ဆရာ ၊ ဆရာမများ ၊ ဘွဲ့ရ ကျောင်းသား - ကျောင်းသူများ ၊ ဖိတ်ကြား ထားသော ဧည့်သည်တော် များ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် ကျောင်းအုပ် ဆရာမကြီး နှင့် ဆရာ - ဆရာမ များ စင်မြင့် ထက်တွင် နေရာယူပြီး နောက် ကွန်ပျူတာ သိပ္ပံဘွဲ့ ၁၂ ဦး ၊ ကွန်ပျူတာ နည်းပညာဘွဲ့ ၅ ဦး ၊ ကွန်ပျူတာ သိပ္ပံ ဂုဏ်ထူးတန်းဘွဲ့ ၂ ဦး ၊ စုစုပေါင်း ၁၉ ဦးတို့အား ကျောင်းအုပ် ဆရာမကြီး မှ ဘွဲ့လက်မှတ်များ ပေးအပ်ခဲ့ ပြီးနောက် ဘွဲ့နှင်းသဘင် မိန့်ခွန်း မြွတ်ကြားကာ အခမ်းအနား အား ရုတ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger