www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2013

" ကံ့ကော်ရွာ " ပန်းချီပြပွဲ


ရန်ကုန် ၊ ၁၉-၂-၂၀၁၃

ရန်ကုန် တက္ကသိုလ် ၏ ပုံရိပ်များ ပါဝင်သည့် ၂၄ ကြိမ်မြောက် " ကံ့ကော်ရွာ " ပန်းချီပြပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက လောကနတ် ပန်းချီ ပြခန်းတွင် ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရသည်။

" ကံ့ကော်ရွာ " ပန်းချီ ပြပွဲတွင် ပန်းချီကားပေါင်း ၉၀ ခန့် ပါဝင် ပြသထားပြီး ရန်ကုန် တက္ကသိုလ် အလွမ်းပြေ ပန်းချီကား ပုံရိပ်များ ပါဝင်သည့် ရန်ကုန် တက္ကသိုလ် နှင့် ပတ်သက်သည့် အကြောင်းအရာ များကို ပန်းချီ ဆရာများက ထည့်သွင်း ပြသ ထားကြောင်း သိရှိရသည်။

" ကံ့ကော်ရွာ " ပန်းချီ ပြပွဲကို ပန်းချီ ဆရာပေါင်း ၃၂ ဦး နှင့်အတူ ပန်းချီ ဦးလွန်းကြွယ် ၊ ပန်းချီ သိန်းဟန် ၊ ပန်းချီ ဦးနန်းဝေ နှင့် ပန်းချီ ဦးသုခ တို့၏ ပန်းချီကား များကိုပါ ထည့်သွင်း ပြသထားကြောင်း သိရှိရသည်။ အဆိုပါ ပန်းချီပြပွဲကို ဖေဖော်ဝါရီ ၁၈ ရက်နေ့မှ ၂၃ ရက်နေ့အထိ ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger