www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 22, 2013

ကျောက်ဖြူမြို့မှ တစ်ကိုယ်တော် စစ်ဘီးစီး အဘိုးအို ရန်ကုန်မြို့သို့ ရောက်ရှိ



ရန်ကုန် ၊ ၂၂-၂-၂၀၁၃

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၄၀ ကျော်မှ တစ်ကျော့ပြန် အိမ်ရှင် နိုင်ငံအဖြစ် ၂၀၁၃ ခုနှစ် ၊ ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်ထိ ကျင်းပ ပြုလုပ်မည့် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကြီးကို ကြိုဆို ဂုဏ်ပြုခြင်း ၊ နိုင်ငံ့ဂုဏ်ဆောင် နိုင်မည့် အားကစား မောင်- မယ်များ ရွှေတံဆိပ် ဆုများ ဆွတ်ခူး အောင်ပွဲဆင် နိုင်ပြီး ပြည်သူလူထု တစ်ရပ်လုံး ပျော်ရွှင်စါာ ပါဝင် အောင်ပွဲဆင် နိုင်ရေး အတွက် လှုံ့ဆော်ရေး အသွင်ဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့မှ တစ်ကိုယ်တော် စက်ဘီးစီးသူ အသက် (၈၆)နှစ်ရှိ အဘိုးအို ဦးပြူးသည် ၂၀၁၂ ခုနှစ် ၊ ဒီဇင်ဘာ ဒုတိယပတ် တွင် ရခိုင်ပြည်နယ် ၊ ကျောက်ဖြူ မြို့မှ စတင်၍ မိုင်ပေါင်း ၃၀၀၀ အသွား - အပြန် စက်ဘီး စီးခဲ့ရာ ယခုအခါ အပြန် ခရီးစဉ် အဖြစ် မကွေး ၊ စစ်ကိုင်း ၊ မန္တလေး ၊ ရှမ်း (တောင်) ၊ နေပြည်တော် မြို့များကို ဖြတ်သန်း စီးနင်းခဲ့ပြီး ၄င်းမှ တစ်ဆင့် လယ်ဝေး ၊ နေပြည်တော် ၊ ပျဉ်းမနား ၊ တောင်ငူ ၊ ဒိုက်ဦး ဖြတ်လမ်းမှ တစ်ဆင့် စစ်တောင်း တံတား ၊ ကျိုက်ထို ၊ ဘီးလင်း ၊ သထုံ ၊ ပေါင် ၊ မော်လမြိုင် မြို့များသို့ ရောက်ရှိ ခဲ့သည်။ ထို့မှ တစ်ဆင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၅ နာရီတွင် ပဲခူးမြို့မှ စတင် ထွက်ခွာလာပြီး ရန်ကုန် မြို့သို့ နံနက် ၁၁ နာရီတွင် ရောက်ရှိ ရပ်နား ခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့သို့ ရောက်ရှိစဉ် မြို့နယ် အသီးသီးသို့ စက်ဘီးစီး၍ လှည့်လည် ခဲ့ပြီး " (၂၇) ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲကို မိဘပြည်သူ - ကျောင်းသား လူငယ်များ ပါဝင်ဆင်နွှဲ ကြပါစို့ " ဟု စပီကာဖြင့် လည်းကောင်း ၊ အမျိုးသားရေး စိတ်ဓာတ် တက်ကြွ စေသော " အားကစား သီချင်းများ ဖွင့်၍ တစ်ဖုံ " လိုက်လံ လှုံ့ဆော် ခဲ့သူ ဖြစ်သည်။ ၄င်း အဖိုးအို သည် ငယ်စဉ်က ကင်းထောက် ပညာကို သင်ကြား ခဲ့ဖူးပြီး ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်၌ ကျင်းပမည့် ကင်းထောက် ဟောင်းကြီးများ တွေ့ဆုံပွဲသို့ တက်ရောက် မည်ဖြစ်သည်။ ရန်ကုန်မြို့မှ ဖေဖော်ဝါရီ ၂၅ ရက်တွင် ဧရာဝတီ တိုင်းဒေသကြီး နှင့် ရခိုင်ပြည်နယ် များသို့ ဆက်လက် ထွက်ခွာမှာ ဖြစ်ကာ စစ်တွေမြို့၌ ခရီးစဉ် အားလုံး ပြီးမှာ ဖြစ်ကြောင်း ၊ ၄င်း၏ ခရီးစဉ် တစ်လျှောက်လုံးတွင် သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ပြည်သူ နှင့် ကျောင်းသား - ကျောင်းသူ များက ကြိုဆို ခဲ့ကြကြောင်း ၊ ခရီးစဉ် တစ်လေဆာက်လုံး အောင်မြင် ချောမော ခဲ့ကြောင်းဖြင့် ရှင်းလင်း ပြောကြား သည်။ ထို့အပြင် အဘိုးအို ဦးပြူးသည် SEA GAMES ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော် သို့ စစ်တွေမြို့မှ ထပ်မံ၍ စစ်ဘီးစီးမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger