www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 18, 2013

မြန်မာ - အိန္ဒိယ ပထမအကြိမ် တိုင်းရင်းဆေး ပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲကျင်းပ



ရန်ကုန် ၊ ၁၈-၂-၂၀၁၃

မြန်မာ - အိန္ဒိယ ပထမအကြိမ် တိုင်းရင်းဆေး ပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ အား ယမန်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ တိုင်းရင်းဆေး တက္ကသိုလ် ခန်းမ၌ ပြုလုပ် ကျင်းပ ခဲ့ကြောင်း သိရသည်။

အခမ်းအနား သို့ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆိုင်ရာ အထူး အာဏာကုန် လွှဲအပ်ခြင်း ခံရသော အိန္ဒိယ နိုင်ငံမှ သံအမတ်ကြီး Dr. V.S.Seshadri ၊ မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် လူမှုရေး ၀န်ကြီးဌာန ၀န်ကြီး ဒေါက်တာ ၀င်းလှိုင် ၊ မန္တလေးမြို့ အခြေစိုက် အိန္ဒိယ ကောင်စစ်ဝန်ချုပ် ဒေါက်တာ မဒမ် မိုဟမ်ဆေတီ ၊ တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သန်းမောင် ၊ ဆေးသုတေသန ဦးစီးဌာန (အထက် မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ကျော်ဇင်သန့် ၊ ပါမောက္ခချုပ် များ ၊ ဒုပါမောက္ခချုပ် များ ၊ ဌာနမှူးများ ၊ တိုင်းရင်းဆေး တက္ကသိုလ် မှ တာဝန်ရှိ သူများ ၊ အိန္ဒိယ နိုင်ငံမှ ဆွေးနွေး ကြမည့် ပညာရှင်များ ဖိတ်ကြား ထားသူများ စိတ်ပါဝင်စား သူများ တက်ရောက် ကြသည်။

ရှေးဦးစွာ လူမှုရေး ၀န်ကြီး ဒေါက်တာ ၀င်းလှိုင် ၊ အိန္ဒိယ နိုင်ငံမှ သံအမတ်ကြီး Dr.V.S.Seshadri ၊ တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ပါမောက္ခ သန်းမောင် တို့မှ အဖွင့် နှုတ်ခွန်းဆက် စကား ပြောကြား ကြသည်။

အဆိုပါ နှီးနှောဖလှယ် ပွဲ၌ မြန်မာနိုင်ငံ ဘက်မှ တိုင်းရင်းဆေး တက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သန်းမောင်မှ မြန်မာ တိုင်းရင်းဆေး သမိုင်းကြောင်း ကို လည်းကောင်း ၊ ဒုပါမောက္ခ ဦးဝင်းမြင့် မှ မြန်မာ တိုင်းရင်းဆေး ပညာ အခြေခံ သဘောတရား များကို လည်းကောင်း ၊ ဒုပါမောက္ခ ဦးမောင်မောင်သက် မှ အရိုး ၊ အကြော ၊ အဆစ်ရောဂါ ကုထုံး ဆေးပညာ နှင့် ပတ်သက်သည့် အကြောင်းအရာ များကို ရှင်းလင်း ပြောကြား ခဲ့ပြီး အိန္ဒိယ နိုင်ငံဘက်မှ Dr. Ramesh Bahu Devalla က အာရုဗေဒ နှင့် ပတ်သက်သည့် အကြောင်းကို လည်းကောင်း ၊ Dr. Kndranil Ghosh Mondal က အိန္ဒိယ တိုင်းရင်းဆေး ပညာ အခြေခံ သဘောတရား များကို လည်းကောင်း ၊ Dr. Anil Khurana က အိန္ဒိယ နိုင်ငံ Homeopathy နှင့် ပတ်သက်သည် များကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger