www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, December 4, 2012

HORIZON ကျောင်း၏ သင်္ချာဌာနမှကြီးမှူး၍ ကျောင်းပေါင်းစုံ သင်္ချာဥာဏ်စမ်း ပြိုင်ပွဲကြီး ကျင်းပ

HORIZON ကျောင်း၏ သင်္ချာဌာနမှကြီးမှူး၍ ကျောင်းပေါင်းစုံ သင်္ချာဥာဏ်စမ်း ပြိုင်ပွဲကြီး ကျင်းပ ဒီဇင်ဘာ(၄)ရက်နေ့
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် HORIZON MATHEMANIA PUZZLE CONTEST 2012 ကျောင်းပေါင်းစုံ သင်္ချာဥာဏ်စမ်း ပြိုင်ပွဲကြီး ကို အမှတ်(၆) အခြေခံ ပညာ အထက်တန်း ကျောင်း၌ ဒီဇင်ဘာ ၁ ရက်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။ ပြိုင်ပွဲသို့ အမှတ်(၆) အခြေခံ ပညာ အထက်တန်း ကျောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်ရီရီမြင့်၊ သင်္ချာဌာနမှူး ဦးအောင်အောင်သောင်း တို့က လားရှိုးမြို့ ပေါ်ရှိ အခြေခံ ပညာ (မူ/ လယ်/ ထက်) ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ၏ သင်္ချာ ဥာဏ်စမ်း ပြိုင်ပွဲဝင် ဖြေဆိုနေမှုကို လိုက်လံ ကြည့်ရှု အားပေးခဲ့ သည်။ အဆိုပါ ပြိုင်ပွဲသို့ လားရှိုးမြို့ပေါ်ရှိ အခြေခံ ပညာ ကျောင်းများ မှ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူ ၉၉ ဦး၊ အလယ်တန်း အဆင့် ၂၂၃ ဦး နှင့် အထက်တန်း အဆင့် ၈၇ ဦး၊ စုစုပေါင်း ၄၀၉ ဦး ၀င်ရောက် ယှဉ်ပြိုင် ခဲ့ကြောင်း နှင့် ပြိုင်ပွဲကို မန္တလေးမြို့ရှိ HORIZON INTERNATION SCHOOL မှ သင်္ချာဌာနမှ ကြီးမှူး၍ ၂၀၁၂ ခုနှစ်၊ စတုတ္ထ အကြိမ်မြောက် ကျောင်းပေါင်းစုံ သင်္ချာ ဥာဏ်စမ်း ပြိုင်ပွဲကြီး ကို ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်အထိ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ စစ်ကိုင်းနှင့် လားရှိုး တို့တွင် တစ်ပြိုင်တည်း ကျင်းပခြင်း ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ၏ ဆန်းစစ် ဝေဖန် ပိုင်းခြား နိုင်သော စွမ်းရည် တိုးတက် လာစေရန် နှင့် နိုင်ငံတကာ သင်္ချာ ဘာသာရပ် အား စိတ်အား ထက်သန်မှု မြင့်တက် လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲကို ကျင်းပရခြင်း ဖြစ် ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger