www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 30, 2018

ကိုကိုးကျွန်းမြို့သို့ ခရီးသည်နှင့် ကုန်ပစ္စည်းများ ပို့ဆောင်







နေပြည်တော် ၃ဝ-၈-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့ရှိ ဒေသခံပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် တပ်မတော်သားမိသားစုဝင်များ  သက်သာချောင်ချိရေးအတွက် တပ်မတော်မှ ရေယာဉ်၊ လေယာဉ်များဖြင့်    ပို့ဆောင်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း တွင် ဒေသခံပြည်သူများနှင့် တပ်မတော်သားများ စုစုပေါင်း ၁၁ ဦးနှင့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများကို တပ်မတော်(လေ)မှ စီစဉ်ပေးသော လေယာဉ်ဖြင့် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်မှ ကိုကိုးကျွန်းမြို့သို့ ပို့ဆောင်ပေး သည်။

အဆိုပါလေယာဉ်သည် ကိုကိုးကျွန်းမြို့မှ ဒေသခံပြည်သူများနှင့် တပ်မတော်သားများ စုစုပေါင်း ၁၁ ဦးနှင့် ကုန်ပစ္စည်းများ တင်ဆောင်၍ ပြန်လည်ထွက်ခွာလာရာ  မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သတင်း ရရှိသည်။

#Themyawadydaily

မြဝတီဘဏ် လီမိတက်၏ ၆၁ ခုမြောက် ဘဏ်ခွဲဖြစ်သော မြဝတီဘဏ်(မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲဖွင့်လှစ်


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်း မြဝတီဘဏ်(မန္တလေး-ဂန္ဓမာ)ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ် ပေးစဉ်။

နေပြည်တော် ၃ဝ-၈-၂ဝ၁၈

မြဝတီဘဏ်လီမိတက်၏ ၆၁ ခုမြောက် ဘဏ်ခွဲဖြစ်သော မြဝတီဘဏ်(မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ သီတာအေး ရပ်ကွက်၊ မြနန္ဒာလမ်းနှင့် စစ်ကိုင်းလမ်းခွဲကြား၊ (၇၈)လမ်းရှိ အဆိုပါဘဏ်ခွဲ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြဝတီဘဏ် လီမိတက်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အစိုးရ အဖွဲ့ဝင်များနှင့် မြဝတီဘဏ် လီမိတက် မန်နေးဂျင်း ဒါရိုက်တာတို့က ဘဏ်ခွဲကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ  ပက်ဖျန်းပေးကြပြီး  ဘဏ်အတွင်း လှည့်လည်ကြည့်ရှု ကြသည်။

မြဝတီဘဏ် (မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲကို ချမ်းမြသာစည်မြို့နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် မြန်ဆန်သော ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး ဘဏ်ခွဲတွင် စာရင်းရှင်အပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ် ပညာသင်ဆုဝန်ဆောင်မှု အပ်ငွေများနှင့် ATM ကတ်စာရင်းအပ်ငွေများ လက်ခံခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေများအတွက် မရွှေ့ပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများကို အာမခံနှင့်ရယူကာ ချေးငွေများ ထုတ်ပေးခြင်း၊ မြဝတီဘဏ်ခွဲ အသီးသီးနှင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန် ငွေလွှဲပို့နိုင်ခြင်း စသည့်ဝန်ဆောင်မှု လုပ်ငန်းများအပြင် Modern  Banking အနေဖြင့်လည်း  Mobile  Banking ဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

#Themyawadydaily

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်း၊ လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (Independent Commi ssion of Enquiry) အား လက်ခံ တွေ့ဆုံ


ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လွတ်လပ်သောစုံစမ်း စစ်ဆေးရေးကော်မရှင်အဖွဲ့ (Independent Commission of Enquiry) အား လက်ခံတွေ့ဆုံစဉ်။

နေပြည်တော် ၃ဝ-၈-၂ဝ၁၈

ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ် မှူးကြီး စိုးဝင်းသည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့(Independent Com mission of Enquiry) အား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့် ခန်းမ ဆောင်၌ လက်ခံ တွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)နှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တပ်မ တော် အရာရှိကြီးများ တက်ရောက် ကြပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ (Independent Commission of Enquiry)  မှ အဖွဲ့ခေါင်းဆောင်  H.E. Ambassador Mrs. Rosario Manalo ၊ အဖွဲ့ဝင် H.E. Ambassador Mr. Kenzo Oshimaနှင့် အဖွဲ့ဝင်များ တက်ရောက် ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း)က လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့အား ဖြစ်စဉ် မှန်များကို ရှာဖွေ ဖော်ထုတ် နိုင်ရေးအတွက် ပထမဦးစွာ ရခိုင်ပြည်နယ် ဖြစ်စဉ်ဖြစ်ရပ် သမိုင်းကြောင်းများ နှင့် ပတ်သက်ပြီး ပဏာမရှင်းပြ ခဲ့ပြီးနောက် မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်၊ သန်းခေါင် စာရင်းအရ လူဦးရေ ၅၂ သန်းကျော် ရှိကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း ဟူ၍ အဓိက လူမျိုးကြီး ၈ မျိုးရှိပြီး ဗုဒ္ဓဘာသာ ကိုးကွယ်သူ ၈၇.၉ ရာခိုင်နှုန်း၊ ခရစ်ယာန် ဘာသာ ကိုးကွယ်သူ ၆.၂ ရာခိုင်နှုန်းနှင့် အစ္စလာမ် ဘာသာ ကိုးကွယ်သူ ၄.၃ ရာခိုင်နှုန်း အပါအ၀င် အခြား ဘာသာဝင်နှင့် ဘာသာမဲ့များ ရှိနေမှု အခြေအနေများ၊  ၁၈၂၄ ခုနှစ်၊ ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အင်္ဂလိပ် ကိုလိုနီနယ်ချဲ့များက ယခင် အိန္ဒိယနိုင်ငံ၊ ဘင်္ဂလားနယ် (ယခု ဘင်္ဂလားဒေ့ရှ် နိုင်ငံ) မှ မြန်မာနိုင်ငံသို့ လယ်ယာ စိုက်ပျိုးရေးနှင့် ကားလမ်း ဖောက်လုပ်ရန် အ လုပ်ကြမ်း ကူလီများ အနေဖြင့် ခေါ်ဆောင်လာမှု အခြေအနေများ၊ ဘင်္ဂါလီများသည် လူဦးရေ ပေါက်ဖွားနှုန်း များပြားမှု အပေါ် ပျမ်းမျှ တစ်အိမ်ထောင်လျှင် ဇနီးမယား ၄ ဦးထိ ရယူ၍ မိ သားစု ၁ စုလျှင် လူဦးရေ ၂၀ မှ ၆၅ ဦးအထိ ရှိမှု အခြေအနေများ၊ ဒေသခံ ရခိုင် တိုင်းရင်း သားများ အပေါ် လူဦးရေ တိုးပွားလာသည့် ဘင်္ဂါလီ အင်အားဖြင့် နေထိုင်၍ မရအောင် ခြိမ်း ခြောက်ခဲ့မှု အခြေအနေများ၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ရခိုင်ပြည်နယ် အ တွင်း မူဂျာဟစ် ကုလားဆိုး သူပုန်များနှင့် ၁၉၄၂ ခုနှစ် အလယ်သံကျော် အရေးအခင်းများ ကြောင့် ဒေသခံ ရခိုင် တိုင်းရင်းသား အများအပြား အသတ်ခံခဲ့ရခြင်း နှင့် နေအိမ်များ မီးရှို့ ဖျက်ဆီး ခံရခြင်းများ ကြောင့် စစ်တွေမြောက်ခြမ်း ဖြစ်သည့် ဘူးသီးတောင်-မောင်တော-ရသေ့ တောင် နေထိုင်ကြသည့် ဒေသခံရခိုင် တိုင်းရင်းသား အများအပြား နေရပ်စွန့်ခွာ လက်လွှတ် ထွက်ပြေးရမှု အခြေအနေများ၊ လက်ရှိ အခြေအနေအရ ၎င်းဘင်္ဂါလီ များသည် နိုင်ငံတကာ အဖွဲ့အစည်း အချို့၏ အားပေးအားမြှောက်မှု အကူအညီများ ရယူပြီး ရိုဟင်ဂျာ လူမျိုး တစ်မျိုး အဖြစ် လုပ်ကြံပုံဖော်ကာ တိုက်ရိုက်နိုင်ငံသား ဖြစ်ခွင့် ရရှိအောင် ဖန်တီး နေသည့် အခြေ အနေများ၊ နယ်မြေလုယူရန် ကြံစည် အကောင်အထည် ဖော်နေမှု အခြေအနေများ၊ ယခင် အစိုးရ နှင့် တပ်မတော်မှ ရိုဟင်ဂျာ မရှိဟု  အထောက်အထား ခိုင်ခိုင်လုံလုံဖြင့် ငြင်းဆိုခဲ့မှု အခြေ အနေများ၊ မိမိတို့နိုင်ငံ အနေဖြင့် နိုင်ငံသား ဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့် အညီသာ ဆောင်ရွက်လျက် ရှိမှု အခြေအနေများ၊ လူဦးရေ ပေါက်ဖွားနှုန်း များပြားမှု၊ နိုင်ငံ တကာ အဖွဲ့အစည်း အချို့တို့၏ အကူအညီ ရယူမှုများဖြင့် ရခိုင်ဒေသ အတွင်း ဘင်္ဂါလီများက ပြဿနာ ဖန်တီးခဲ့ရာတွင် ၂၀၁၂ ခုနှစ်၊ ရမ်းဗြဲမြို့နယ်၌ ရခိုင် တိုင်းရင်းသူ မသီတာထွေး ကို ဘင်္ဂါလီ ၄ ဦးက အဓမ္မပြုကျင့် ခဲ့ရာမှစ၍ စစ်တွေ၊ သံတွဲ၊ တောင်ကုတ်၊ မိတ္ထီလာ၊ မန္တလေးနှင့် ပြည်မြို့ များတွင် ပဋိပက္ခများ ဖြစ်ပွားခဲ့မှု အခြေအနေ၊ ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ဒေသခံ ရခိုင် တိုင်းရင်းသားများ၊ အစိုးရနှင့် ဆက်သွယ် ဆောင်ရွက်သူများ၊ သတင်းမီဒီယာ သမား များအား သတ်ဖြတ်ခြင်း၊ အစွန်းရောက် ဘာသာရေး အယူအဆများအား မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် ဒေသရှိ ဘင်္ဂါလီများထံ သွပ်သွင်းခြင်းများ ပြုလုပ်၍ အစွန်း ရောက် အကြမ်းဖက် အင်အား တည်ဆောက်ခဲ့မှု အခြေအနေ၊ ၂၀၁၆ ခုနှစ် အောက်တိုဘာ လ အတွင်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက် နေသည့် ရဲကွပ်ကဲမှု ဌာနချုပ်တစ်ခု အပါအ၀င် ရဲကင်း စခန်း ၃၀ အား တစ်ချိန်တည်း တစ်ပြိုင်တည်း ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး လက်နက် မျိုးစုံ (၆၈) လက်လု ယူမှု အပါအ၀င် ရဲဝန်ထမ်း များနှင့် မိသားစုဝင် များကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှု အခြေအနေနှင့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ တွင်လည်း တပ်မတော် ဌာနချုပ် တစ်ခု အပါအ၀င် ရဲကင်း စခန်းများနှင့် ဒေသခံ တိုင်းရင်းသား ကျေးရွာများကို အင်အား အလုံး အရင်းဖြင့် ဖြန့်ခွဲ ၀င်ရောက် တိုက်ခိုက်မှု အခြေအနေများ၊ ဘင်္ဂါလီ အချင်းချင်း အကြမ်းဖက်မှု ၌ မပါဝင်သူ နှင့် သဘော မတူသူများကို လည်လှီး သတ်ဖြတ်ခဲ့မှု အခြေအနေများ၊ ၂၀၁၂ ခုနှစ် ဖြစ်စဉ်၌ ရပ်ကွက်/ကျေးရွာများ အတွင်းသာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဖြစ်စဉ် တွင် တရား ဥပဒေစိုးမိုးရေး ဆောင်ရွက် နေသည့် ရဲတပ်ဖွဲ့ ၀င်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ် လာကာ ၂၀၁၇ ခုနှစ် ဖြစ်စဉ်၌ အရပ်သားများ၊ ရဲစခန်းများ အပြင် နိုင်ငံတော် ကာကွယ်ရေး တာဝန် ထမ်းဆောင် နေသော အမြင့်ဆုံး လုံခြုံရေး အဖွဲ့အစည်းဖြစ်သည့် တပ်ဌာနချုပ်များ ကိုပါ ၀င်ရောက် တိုက်ခိုက်ခဲ့သည့် အခြေအနေများ၊ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ဒေသခံ တိုင်းရင်းသား ရခိုင်ကျေးရွာ များအပေါ် ၂၀၁၇ ခုနှစ်၊ သြဂုတ် ၂၅ ရက်တွင် ဘင်္ဂါလီ အင်အား အလုံး အရင်းဖြင့် တိုက်ခိုက် လာမှုကြောင့် နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားနှင့် မလုံ လောက် တော့၍ လုံခြုံရေး အင်အား ထပ်မံ ဖြည့်တင်း ခဲ့ရသည့် အခြေအနေများ၊ ရခိုင် ပြည်နယ် အတွင်း အမြန်ဆုံး ပြန်လည် တည်ငြိမ် အေးချမ်းရေး အတွက် စစ်ဆင်ရေး ဆောင် ရွက်ရာတွင် နိုင်ငံတော် အစိုးရ၏ ညွှန်ကြားချက်များ၊ ခွင့်ပြုချက်များ နှင့် ထုတ်ပြန် ထားသည့် အမိန့် နှင့် ညွှန်ကြားချက်များ၊ စည်းကမ်းများ၊ ဥပဒေများ နှင့်အညီ နယ်မြေ လုံခြုံရေးနှင့် တရား ဥပဒေ စိုးမိုးရေး ဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက် ခဲ့သည့် အခြေအနေများ၊ ၂၀၁၇ ခု နှစ်၊ သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက် နောက်ပိုင်း လုံခြုံရေး အကူအညီ အင်အားဖြည့် ရောက်ရှိ နေသည့် တပ်မတော် စစ်ကြောင်းများ ပြန်လည် ဆုတ်ခွာ ခဲ့ပြီးနောက် ဘင်္ဂါလီများ အစုလိုက် အပြုံလိုက် ထွက်ပြေးမှုနှင့် ဘင်္ဂါလီ ကျေးရွာများ မီးရှို့ခံရမှု အခြေအနေ အပေါ် နိုင်ငံတော် အစိုးရနှင့် တပ်မတော်မှ တွေ့ရှိရမှု အခြေအနေများ၊ တပ်မတော်မှ ဒုတိယ ဗိုလ် ချုပ်ကြီး ၁ ဦး ဦးဆောင်၍ ပဋိပက္ခ ကာလအတွင်း ဖြစ်ပွား နိုင်သည့် လူ့အခွင့်အရေး ချိုး ဖောက်မှု နှင့် ဥပဒေမဲ့ သတ်ဖြတ်မှု၊ မုဒိမ်းကျင့်မှု အပါအ၀င် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ကျူးလွန် ခဲ့ခြင်း ရှိ/မရှိ၊ ထုတ်ပြန် ထားသည့် Rule of Engagement နှင့် ဒေသန္တရ စစ်ဆင် ရေး အမိန့်၊ အုပ်ချုပ်မှု အမိန့်များ အပေါ် လိုက်နာ ဆောင်ရွက်မှု ရှိ/မရှိနှင့် ဖောက်ဖျက် ကျူး လွန်မှု ရှိ/မရှိတို့အား ရခိုင် တိုင်းရင်းသား ကျေးရွာ ၂ ရွာ၊ ဟိန္ဒူ ကျေးရွာ ၂ ရွာနှင့် ဘင်္ဂါလီ ကျေးရွာ ၅၄ ရွာမှ ရွာသူ/ ရွာသား ၃၂၁၇ ဦးကို တွေ့ဆုံ မေးမြန်း ခဲ့ပြီး အသိသက်သေ ၈၀၄ ဦး၏ သက်သေ ထွက်ဆိုချက် များကို ရယူစစ်ဆေး ဆောင်ရွက်မှု အခြေအနေ များအား ဆွေးနွေး ပြောကြား သည်။

ဆက်လက်၍ ၂၀၁၂ ခုနှစ်၊ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ် ဖြစ်စဉ်များတွင် အနီးကပ် ကွပ်ကဲရ သည့် တပ်မှူးကြီး ၁ ဦး၊ နယ်မြေအလိုက် ကွပ်ကဲရသည့် တပ်မှူးကြီး ၁ ဦး တို့ကိုလည်း ထုတ်ပြန် ထားသည့် အမိန့်နှင့် ညွှန်ကြားချက် အပေါ် လက်အောက်မှ အကောင်အထည် ဖော် နိုင်ရေး ကြပ်မတ် အားထုတ်ရန် အားနည်းချက်ကြောင့် တာဝန်များ ရွှေ့ပြောင်း၍ လိုအပ်သလို စစ်ဆေး ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ စစ်ဆေး ပြီးနောက် တာဝန်ရှိမှု တို့ကြောင့် အဆိုပါ အရာရှိကြီး ၂ ဦးအား တပ်မတော်မှ အချိန်မတိုင်မီ အငြိမ်းစား ပေးခဲ့မှု၊ တာဝန်မှ ရပ်စဲ ခဲ့ရမှု အခြေ အနေအပြင် တပ်မတော် အနေဖြင့် ထုတ်ပြန် ထားသည့် စစ်ဘက်ဥပဒေ နှင့် ရာဇ သတ်ကြီး ပုဒ်မများအား ဖောက်ဖျက် ကျူးလွန်ပါက ပြစ်မှုကျူးလွန်မှု အပေါ် မူတည်၍ ထိထိ ရောက်ရောက် အရေးယူမှု အခြေအနေများအား ဆွေးနွေး ပြောကြား သည်။

၎င်းနောက် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) က ဆက်လက် ပြောကြား ရာတွင် ဖြစ်စဉ်ဖြစ်ရပ် များ၏ သက်သေ အထောက်အထား အချက် အလက် များအား မြန်မာနိုင်ငံသို့ ၂၀၁၈ ခုနှစ်၊ အေပြီ ၃၀ ရက်တွင် ရောက်ရှိ လာသည့် ကုလ သမဂ္ဂ လုံခြုံရေး ကောင်စီမှ သံတမန်များ အပါအ၀င် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့် သံတမန် အဖွဲ့တိုင်းအား လည်းကောင်း၊ ပြည်တွင်း၊ ပြည်ပမီဒီယာများ ထံသို့ လည်းကောင်း၊ အချိန်နှင့် တစ်ပြေးညီ ဖြစ်စဉ် အမှန်များ သိရှိ စေရေး ဖြန့်ဝေခြင်း၊ ရှင်းပြခြင်းများ ပြုလုပ် ခဲ့သော်လည်း နိုင်ငံတကာမှ ယနေ့ အချိန်ထိ ဖြစ်စဉ် အမှန်များ သိရှိမှု အားနည်းနေသည့် အခြေအနေများအား ပြောကြားပြီး ပြုစု ထားသည့် အချက်အလက်များ၊ ဓာတ်ပုံ မှတ်တမ်းများ၊ ထုတ်ပြန်ထားသည့် သတင်းများ အပေါ် အသေးစိတ် ရှင်းလင်း ဆွေးနွေးပြီးနောက် လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော် မရှင် အဖွဲ့၏ ဆောင်ရွက်ချက်များ ၌လည်း တပ်မတော် အနေဖြင့် အပြည့်အ၀ လိုအပ် သည်များ ကူညီရန် အသင့် ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် Mrs. Rosario Manalo က ရခိုင်အရေး ကိစ္စနှင့် ပတ်သက်၍ သက်သေခံ အချက် များ အပေါ် မူတည်ပြီး မှန်ကန် မျှတသော အဖြေကို ရှာဖွေ ဖော်ထုတ်ကာ နိုင်ငံတကာကို ဖြေရှင်း ဆောင်ရွက် သွားမည့် အခြေအနေများ အား ရင်းနှီး ပွင့်လင်းစွာ အပြန် အလှန် ဆွေးနွေး ခဲ့ကြပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ရခိုင်ပြည်နယ် ဖြစ်စဉ် ဖြစ်ရပ်အမှန် အချက်အလက်များ၊ ဓာတ်ပုံ အထောက် အထားများ၊ ရခိုင်ပြည်နယ်၏ သမိုင်းကြောင်း ဆိုင်ရာ စာအုပ်များအား လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်များ ထံသို့ ၁ ဦးချင်း ပေးအပ်သည်။

တွေ့ဆုံပွဲ အပြီးတွင် ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သည် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့မှ အဖွဲ့ဝင်များ နှင့်အတူ အမှတ် တရ စုပေါင်း ဓာတ်ပုံ ရိုက်ခဲ့ကြကြောင်း သတင်း ရရှိသည်။

#Themyawadydaily

ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့သည် ဆွာချောင်း ရေလှောင်တမံ၊ ပင်မရေပိုလွှဲ နိမ့်ကျ ပျက်စီးမှု အခြေ အနေများနှင့် ရေတာရှည် မြို့နယ်အတွင်း ရေဝင်ရောက်မှု အခြေအနေများအား သွားရောက် ကြည့်ရှု


ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဆွာချောင်းရေလှောင်တမံ၊ ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုအခြေအနေများကို သွားရောက်ကြည့်ရှုစဉ်။
ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ဆွာချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုဖြစ်ပွားသည့်နေရာကို သွားရောက်
ကည့်ရှုစဉ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အား ဆွာချောင်းရေလှောင်တမံရှင်း လင်းဆောင်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဗိုလ်ဗိုလ်ကျော်က ရေသိုလှောင်မှုပမာဏနှင့် ပင်မရေပိုလွှဲပျက်စီးခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြစဉ်။

ရေနစ်မြုပ်မှုဖြစ်ပွားသည့်ကျေးရွာများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် တပ်မတော်တို့မှ စက်တပ်ဖိုက်ဘာနှင့် ရော်ဘာလှေများကူညီဆောင်ရွက်ပေးရန်စီစဉ်နေမှုကို
 တွေ့ရစဉ်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့ဝင်များ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ကားလမ်းရေကျော်မှုဖြစ်ပွားနေသည့်အခြေအနေကို သွားရောက်ကြည့်ရှုစဉ်။

ဆွာချောင်းရေလှောင်တမံရှိ ပင်မရေပိုလွှဲနိမ့်ကျပျက်စီးမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်ကို
တွေ့ရစဉ်။

နေပြည်တော် ၃ဝ-၈-၂ဝ၁၈

အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦး ဟင်နရီ ဗန်ထီးယူ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ သည် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ အောင်သူ၊ ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေး ဦးစီး ချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့ နံနက်ပိုင်းတွင် ဆွာချောင်း ရေလှောင် တမံရှိ ပင်မ ရေပိုလွှဲ နိမ့်ကျပျက်စီးမှု ဖြစ်ပွားပြီး ရေတာရှည် မြို့နယ်အတွင်း ရေဝင်ရောက်မှု အခြေအနေ များအား ရဟတ်ယာဉ် များဖြင့် သွားရောက် ကြည့်ရှုသည်။

ဦးစွာဒုတိယ သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် အမြန်လမ်း မိုင်တိုင်အမှတ် ၁၆၅ မိုင် ၁ ဖာလုံရှိ ဆွာချောင်း တံတား ရန်ကုန်မှ မန္တလေး ဘက်အခြမ်း အလယ် ထောက်တိုင် ၂ တိုင် နိမ့်ကျမှု အခြေအနေများ နှင့် အမြန်လမ်းမကြီး ရေတိုက် စား၍ မြေပြိုကျမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး ကြရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်လင်းနှင့် တာဝန်ရှိ သူများက ရှင်းလင်း တင်ပြမှု အပေါ် ဒုတိယ သမ္မတ နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့က ခရီးသွား ပြည်သူများ တံတားအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အမြန်ပြန်လည် ဖြတ်သန်း သွားလာနိုင်ရေး အတွက် ချဉ်းကပ်လမ်းနှင့် လမ်း လယ်ကျွန်းတွင် သဲအိတ်များခင်း ဆောင်ရွက် ပေးသွားရန် မှာကြား သည်။

ထို့နောက် ဆွာချောင်း ရေလှောင်တမံ၊ ပင်မရေပိုလွှဲ နိမ့်ကျပျက်စီးမှု ဖြစ်ပွားသည့် နေရာသို့ ရောက်ရှိ ကြပြီး ပင်မရေပိုလွှဲ ပျက်စီး ပြိုကျနေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး ကြ သည်။ ယင်းနောက် ဆွာချောင်း ရေလှောင်တမံ ရှင်းလင်းဆောင်၌ လယ်ယာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ရေအသုံးချမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးဗိုလ်ဗိုလ် ကျော်က ဆွာချောင်း ရေလှောင်တမံ၏ ရေသိုလှောင်မှု ပမာဏနှင့် ပင်မရေပိုလွှဲ ပျက်စီးခဲ့မှု အခြေ အနေများအား ရှင်းလင်း တင်ပြရာ ဒုတိယ သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီး ချုပ်တို့က လိုအပ်သည်များ မှာကြားသည်။

၎င်းနောက် ဒုတိယသမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရန် ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် ၁၉၆ အနီး ကားလမ်း ရေကျော်နေမှု အခြေ အနေ များနှင့် ဆွာမြို့ရှိ နယ်မြေခံ တပ်အတွင်း ရေဘေးသင့် ပြည်သူများအား ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ရန် အတွက် တပ်မတော် သားများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် ဒေသခံ ပြည်သူများ ပူးပေါင်း ပြင်ဆင် ဆောင်ရွက်နေမှု အခြေ အနေများအား ပြည် ထောင်စု ဝန်ကြီး ဦးသန့်စင်မောင်၊ ဒေါက်တာ ဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင် တို့နှင့် အတူ သွားရောက် ကြည့်ရှု အားပေး ကြပြီး ရေတာရှည်နှင့် ဆွာကြား မီးရထားလမ်း ရေ ကျော်မှု ဖြစ်ပွားသည့် နေရာတွင် မီးရထားစီး ခရီးသည်များအား တပ်မတော်မှ မော်တော် ယာဉ်များဖြင့် သယ်ယူပို့ဆောင် ပေးနိုင်ရေး စီစဉ် ပေးခဲ့သည်။

ဆက်လက်ပြီး ရေတာရှည်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး မှူးရုံးသို့ ရောက်ရှိကြရာ အစည်း အဝေး ခန်းမတွင် တောင်ငူခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမိုးထက်က ရေတာရှည်မြို့နယ် အတွင်းရှိ ကျေးရွာများအား ရေဝင် ရောက်ခဲ့မှု အခြေ အနေများနှင့် ရေနစ်မြုပ်မှု အခြေ အနေ များ၊ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ရာတွင် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၊ တိုင်းဒေသကြီး အစိုးရ၊ တပ်မတော်နှင့် လူမှုကူညီ ကယ်ဆယ်ရေး အသင်းအဖွဲ့များ ပူးပေါင်း ဆောင်ရွက် နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေ များအား ရှင်းလင်း တင်ပြသည်။

ရှင်းလင်း တင်ပြချက်များ အပေါ် ဒုတိယ သမ္မတနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ က ရေများ ပြန်လည် ကျဆင်းမှု မြန်ဆန် စေရန်အတွက် ရေနုတ်မြောင်းများ ပိတ်ဆို့မှု မရှိစေ ရေး ဆောင်ရွက်ရန် လိုအပ်မှု၊ ရေနစ်မြုပ်မှု ဖြစ်ပွားသည့် ကျေးရွာများအား ကူညီ ကယ်ဆယ် ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေ ချောမွေ့ စေရန် အတွက် အမျိုးသား သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီနှင့် တပ်မတော်တို့မှ စက်တပ် ဖိုင်ဘာ နှင့် ရာဘာလှေများ ကူညီ ဆောင်ရွက်ပေးရန် စီစဉ်နေမှု၊ ရေနစ်မြုပ်သည့် ကျေးရွာများ အား လုံးအထိ ကူညီ ကယ်ဆယ်ရေး အဖွဲ့များ သွားရောက်နိုင်ရေး၊ ကယ်ဆယ်ရေး စခန်းများတွင် ရေဘေးသင့် ပြည်သူများ နေထိုင် စားသောက်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာများ ကြိုတင်စီမံ ဆောင်ရွက်ရန် လိုအပ်မှု အခြေအနေများအား ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ပေးကြသည်။

ယင်းနောက် ရေတာရှည်မြို့အနီး ရန်ကုန်-မန္တလေး လမ်းဟောင်း ပေါ်တွင် ရေကျော်မှု ဖြစ်ပွား နေသည့် အခြေအနေအား သွားရောက် ကြည့်ရှုကြပြီး တာဝန်ရှိသူများအား ပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေး လိုအပ် သည်များမှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

အဆိုပါ ဆွာချောင်း ရေလှောင်တမံ ရေပိုလွှဲသည် ယနေ့နံနက် ၅နာရီ ၄၅ မိနစ်ခန့်၌ အရှည် ပေ၃၆၀ခန့် ကျိုးပေါက်ခဲ့ရာ ရေတာရှည်မြို့နယ် အတွင်း ဆွာမြို့ အပါအဝင် ကျေးရွာ အုပ်စု ပေါင်း (၁၇)အုပ်စု၊ ကျေးရွာ (၈၅)ရွာ ရေ ဝင်ရောက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး အိမ်ထောင်စု ၁၄၃၅၇ စု လူဦးရေ ၆၃၄၂၁ ဦး ရေဘေးသင့် ခဲ့သည်။ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် အမှတ် ၁၆၁ မှ ၁၆၆ ကြား၊ ရေတာရှည် မြို့နယ်နှင့် သာဂရ ကျေးရွာ အကြား ရှိရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၆၉ နှင့် ၂၀၄ အကြား ကားလမ်း အထက် ရေအမြင့် ၁ ပေ မှ ၄ ပေခန့်အထိ ရေကျော်မှု ဖြစ်ပွားခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ဆွာချောင်း တံတား၏ ရေလယ်တိုင် ၂ တိုင် နိမ့်ကျမှု ဖြစ်ပွား ခဲ့သည်။ ရေဘေးသင့် ပြည်သူများအား တိုင်း ဒေသကြီး အစိုးရ၊ တပ်မတော်နှင့် လူမှု ကူညီရေး အသင်း အဖွဲ့များ ပူးပေါင်းပြီး ရေဘေး လွတ်ရာသို့ ကူညီ ရွှေ့ပြောင်း ပေးလျက် ရှိသည်။

ဆွာချောင်း ရေလှောင် တမံသည် ရေဆင်း ဧရိယာ စုစုပေါင်း ၄၀၃ စတုရန်းမိုင် ရှိပြီး နှစ်စဉ် ၃၁၂၀၄၀ ဧကပေခန့် စီးဝင်ရေရှိကာ ကန်ရေပြည့် ရေလှောင် ပမာဏမှာ ၂၁၆၃၅၀ ဧကပေ ရှိ သည်။ အဆိုပါ ရေလှောင် တမံ၏ ခံနိုင်ရည်မှာ ကန်ရေပြည့် အမြင့် ၃၃၇ ပေ လက်ခံ နိုင်ပြီး ယခုနှစ် အတွင်း မိုးသည်းထန်စွာ ရွာသွန်း ခဲ့မှုများကြောင့် ကန်ရေအမြင့် ၃၃၈.၆ ပေအထိ ရောက်ရှိ ခဲ့သဖြင့် ပင်မ ဆည်ရေပိုလွှဲ တံခါး၏ ခံနိုင်ဝန်ထက် ကျော်လွန် ခဲ့ခြင်းကြောင့် ယခု ကဲ့သို့ ရေပိုလွှဲ နိမ့်ကျ ပျက်စီးခဲ့ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger