www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 30, 2018

မြဝတီဘဏ် လီမိတက်၏ ၆၁ ခုမြောက် ဘဏ်ခွဲဖြစ်သော မြဝတီဘဏ်(မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲဖွင့်လှစ်


အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်း မြဝတီဘဏ်(မန္တလေး-ဂန္ဓမာ)ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ် ပေးစဉ်။

နေပြည်တော် ၃ဝ-၈-၂ဝ၁၈

မြဝတီဘဏ်လီမိတက်၏ ၆၁ ခုမြောက် ဘဏ်ခွဲဖြစ်သော မြဝတီဘဏ်(မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲဖွင့်လှစ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ သီတာအေး ရပ်ကွက်၊ မြနန္ဒာလမ်းနှင့် စစ်ကိုင်းလမ်းခွဲကြား၊ (၇၈)လမ်းရှိ အဆိုပါဘဏ်ခွဲ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ မြဝတီဘဏ် လီမိတက်မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ အစိုးရ အဖွဲ့ဝင်များနှင့် မြဝတီဘဏ် လီမိတက် မန်နေးဂျင်း ဒါရိုက်တာတို့က ဘဏ်ခွဲကို  ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တိုင်းမှူးက ဘဏ်ခွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ  ပက်ဖျန်းပေးကြပြီး  ဘဏ်အတွင်း လှည့်လည်ကြည့်ရှု ကြသည်။

မြဝတီဘဏ် (မန္တလေး-ဂန္ဓမာ) ဘဏ်ခွဲကို ချမ်းမြသာစည်မြို့နယ်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရန်အတွက် မြန်ဆန်သော ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရန် ရည်ရွယ်ဖွင့်လှစ်ပေးခြင်း ဖြစ်ပြီး ဘဏ်ခွဲတွင် စာရင်းရှင်အပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ် ပညာသင်ဆုဝန်ဆောင်မှု အပ်ငွေများနှင့် ATM ကတ်စာရင်းအပ်ငွေများ လက်ခံခြင်း၊ စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေများအတွက် မရွှေ့ပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများကို အာမခံနှင့်ရယူကာ ချေးငွေများ ထုတ်ပေးခြင်း၊ မြဝတီဘဏ်ခွဲ အသီးသီးနှင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေး ဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန် ငွေလွှဲပို့နိုင်ခြင်း စသည့်ဝန်ဆောင်မှု လုပ်ငန်းများအပြင် Modern  Banking အနေဖြင့်လည်း  Mobile  Banking ဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger