www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 1, 2016

မောင်တောမြို့နယ် ၊ ငါးခူရ (ဘင်္ဂါလီ) ကျေးရွာ၌ ဈေးဆိုင်ခန်းတစ်ခုမှ စတင်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား




နေပြည်တော် ၊ ၁-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ငါးခူရ (ဘင်္ဂါလီ) ကျေးရွာဘက်၌ အောက်တိုဘာ ၃ဝ ရက် ည ၈ နာရီခွဲခန့်တွင် မသင်္ကာဖွယ်ရာ မီးရောင်တွေ့မြင် ရသဖြင့် ငါးခူရ ရဲကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက သွားရောက် စစ်ဆေးရာ ၄င်းကျေးရွာနေ နုရူဒိန် (ဘ) ဒီမာမောက် ၏ ဈေးဆိုင်ခန်း မီးလောင်ကျွမ်း နေသည်ကို တွေ့ရှိရသည်။

မီးလောင်ကျွမ်း နေမှုအား အဆိုပါ ကျေးရွာတွင် နေထိုင်ကြ  သူများက မီးငြှိမ်းသတ်ခြင်း မရှိသည်ကို တွေ့ရှိရသဖြင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံပြည်သူ များကို ခေါ်ယူပြီး ဝိုင်းဝန်း ငြှိမ်းသတ်မှသာ ည ၉ နာရီခွဲ ခန့်တွင် မီးငြိမ်း သွားခဲ့သည်။

မီးလောင်ကျွမ်း မှုကြောင့် ဓနိမိုး ဝါးထရံကာ ဆိုင်ကယ်ပြင်ဆိုင် တစ်ဆိုင်၊ ဆိုင်ကယ် အပိုပစ္စည်း ဆိုင်တစ်ဆိုင်၊ ပရိဘောဂ ပစ္စည်း ဆိုင်တစ်ဆိုင်၊ ဆံသဆိုင် တစ်ဆိုင်နှင့် ဆိုင်ခန်း အလွတ် နှစ်ခန်း၊ စုစုပေါင်း ဆိုင်ခန်းခြောက်ခန်း (ကာလတန်ဖိုး သုံးသိန်းကျပ်ခန့်) ပျက်စီး ဆုံးရှုံးခဲ့ပြီး ကျေးရွာ လုံခြုံမှု ရရှိစေရေး အတွက် တပ်မတော် စစ်ကြောင်းများ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက နယ်မြေ လုံခြုံရေး ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်မတော်စစ်ကြောင်းအား TNLA လက်နက်ကိုင်အဖွဲ့မှ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်


နေပြည်တော် ၊ ၁-၁၁-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းသည် ပုံမှန် နယ်မြေလုံခြုံရေး လုပ်ငန်းများ ဆောင်ရွက်စဉ် အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီခွဲခန့်တွင် ကုန်းသာကျေးရွာ ၏ အရှေ့ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာသို့ အရောက် TNLA လက်နက်ကိုင် အဖွဲ့မှ အင်အား ၅ဝ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ရန်သူသည် အရှေ့တောင် ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

အလားတူ တပ်မတော် စစ်ကြောင်းသည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် အောက်တိုဘာ ၃ဝ ရက် နံနက် ၇ နာရီ ၁ဝ မိနစ်ခန့်တွင် အူးမန်းကျေးရွာ ၏ အရှေ့တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာသို့  အရောက် TNLA လက်နက်ကိုင် အဖွဲ့မှ အင်အား ၅ဝ ဦးခန့်သည် လမ်း၏ ဘယ်/ညာ တောင်ကုန်းများမှ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရန်သူသည် အရှေ့ဘက်နှင့် အရှေ့တောင် ဘက်သို့ နှစ်ဖွဲ့ခွဲ၍ ဆုတ်ခွာသွား ခဲ့သည်။

ဆုတ်ခွာရာ နောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံ ရှင်းလင်းရာ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပန်အလောက် ကျေးရွာ၏ အနောက် မြောက်ဘက် မီတာ ၅ဝဝ ခန့်အကွာသို့ ရောက်ရှိစဉ် TNLA လက်နက်ကိုင် အဖွဲ့မှ အင်အား ၇ဝ ဦးခန့် က ဆွဲမိုင်း ငါးလုံးေ ဖာက်ခွဲပြီး လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက် ခိုက် သဖြင့် တပ်မတော်မှ ပြန်လည် တိုက်ခိုက်ခဲ့ရာ အရှေ့တောင် ဘက်သို့ ဆုတ်ခွာ သွားခဲ့သည်။

ဖြစ်စဉ်အတွင်း တပ်မတော်မှ စစ်သည်အချို့ နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရပြီး အရာရှိ၊ စစ်သည်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ ရန်သူ့ထံမှ ဒေသန္တရလုပ် ရှေ့ထွက်မိုင်း သုံးလုံး၊ TNLA တံဆိပ်ပါ ဦးထုပ်တစ်လုံး တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

ရန်သူဆုတ်ခွာရာ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

မြ၀တီနေ့စဉ်သတင်းစာ (၁-၁၁-၂၀၁၆)



မြ၀တီနေ့စဉ်သတင်းစာ (၁-၁၁-၂၀၁၆)

Download Links


ရတနာပုံနေ့စဉ်သတင်းစာ (၁-၁၁-၂၀၁၆)



ရတနာပုံနေ့စဉ်သတင်းစာ (၁-၁၁-၂၀၁၆)

Download Links


Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger