www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အနုပညာ. Show all posts
Showing posts with label အနုပညာ. Show all posts

Thursday, June 29, 2017

Miss Earth 2017 ပြိုင်ပွဲတွင် အလှမယ် တင်စန္ဒာမျိုး ဝင်ရောက်ယှဉ်ပြိုင်မည်



ရန်ကုန် ၂၉-၆-၂၀၁၇

ယခုနှစ် နိုဝင်ဘာ ၄ရက်မှ စတင်ကာ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပပြုလုပ်မည့် Miss Earth 2017 အလှမယ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ်အလှမယ် တင်စန္ဒာမျိုး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

''ပြိုင်ပွဲရဲ့အဓိက ရည်ရွယ်ချက်က သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး အတွက်ပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အကျိုးပြုလုပ်ငန်းတွေ၊ ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းစဉ်တွေမှာ အလှ မယ် တွေကကိုယ့် ဒေသကိုယ့်ပတ်ဝန်းကျင် ကိုယ့်နိုင်ငံမှာ တစ်တပ်တစ်အားပါဝင် ဆောင်ရွက်နိုင်ဖို့ နိုင်ငံတကာမှာ ကျင်းပခဲ့တာပါ။ အလှမယ် တင်စန္ဒာမျိုးက နိုင်ငံတကာပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ်တစ်ယောက်အနေနဲ့ သွားရောက်ယှဉ်ပြိုင်ရမှာပါ။ Miss Earth Myanmar Organization က ပထမဆုံးအကြိမ် ရွေးချယ်စေလွှတ်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲနဲ့ ပတ်သက်တာတွေလဲ ကြိုတင်လေ့လာ သင်ယူနေပါတယ်။ ပြိုင်ပွဲအတွက်လိုအပ်တာတွေလဲ စတင်ပြင်ဆင်နေပါပြီ''ဟု Miss Earth Myanmar Organization မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

အဆိုပါနိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို နိုင်ငံပေါင်း ၈ဝကျော်မှ နိုင်ငံကိုယ်စားပြု အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး နိုင်ငံတကာ အလှမယ်ပြိုင်ပွဲကို (၁၇)ကြိမ်မြောက် ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

Miss Earth 2017 အလှမယ်ပြိုင်ပွဲတွင် Evening Gownဝတ်စုံ၊ National Costume, Swimsuit, Talent နှင့် ပြိုင်ပွဲအဆင့်ဆင့် ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

Humanitarian Supermarket ဝက်ဘ်ဒရာမာ ဇာတ်ကား တွင်ခေါင်း ဆောင်မင်း သမီး အဖြစ်ဆိုဂျင် သရုပ်ဆောင်မည်



ဆိုးလ် ၂၉-၆-၂၀၁၇

နာမည်ကျော် Girl's Day အဖွဲ့မှ ဆိုဂျင်သည် ဝက်ဘ်ဒရာမာ ဇာတ်ကားတစ်ကားဖြစ်သည့် Humanitarian Supermarket တွင် ခေါင်းဆောင် မင်းသမီးအဖြစ် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။ 

ဆိုဂျင်သည် အဆိုပါဇာတ်လမ်းတွင် လူမှုအဖွဲ့အစည်းနှင့် လူသားချင်း စာနာမှုဆိုင်ရာ ကူအညီပေးသူအမျိုး သမီးတစ်ဦးဖြစ်သည့် ယုံဟီးအဖြစ် ပါဝင်သရုပ်ဆောင် မည်ဖြစ်ကြောင်း DreamT Entertainment ကထုတ်ပြန် ထားသည်။ 

ယင်းဇာတ်လမ်းတွင် ယုံဟီးသည် မိမိမည်သူမည်ဝါ ဖြစ်သည်ကို ဖုံးကွယ်ထားပြီး စီးပွားရေးလုပ်ငန်းငယ် တစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် ဂုဏ်ထူးတန်းကျောင်းသူ တစ်ဦးအဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။

မိမိအနေဖြင့် အဆိုပါ ဒရာမာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခွင့် ရသည့်အတွက် ဝမ်းမြောက်မိကြောင်း၊ ယခုကဲ့သို့ ခေါင်းဆောင် မင်းသမီးနေရာမှ ပါဝင်သရုပ်ဆောင် ရခြင်းသည် ပထမဆုံး အကြိမ်ဖြစ်ကြောင်း၊ ဇာတ်ကား ရိုက်ကူးရန် မျှော်လင့်စောင့် စားမိကြောင်းနှင့် ယင်းဇာတ်ကားတွင် ပါဝင်ရခြင်းဖြင့် သရုပ်ဆောင်ပညာကို လေ့လာခွင့်ရရှိကြောင်း ဆိုဂျင်ကပြောသည်။

Humanitarian Supermarket ဒရာမာဇာတ်ကားကို ဇူလိုင်လလယ်ပိုင်းတွင် ဝက်ဘ်ဒရာမာ ဇာတ်လမ်းများ ထုတ်လုပ်ဖြန့်ချိသည့် ကွန်ရက်တစ်ခုဖြစ်သည့် Naver's TV Cast မှတစ်ဆင့် ဖြန့်ချိတင်ဆက်မည် ဖြစ်ကြောင်းသိရ သည်။

#Themyawadydaily

Tuesday, June 27, 2017

ဘဝ၌ စိတ်ဖိစီးမှုများ လျော့ကျလာသည်ဟု ခံစားရကြောင်းဆိုလာသည့် ရောဘတ်ပတ်တင်ဆန်



လော့စ်အိန်ဂျလိစ် ၂၇-၆-၂၀၁၇

မိမိ၏ဘဝ၌ စိတ်ဖိစီးမှုများ လျော့ကျလာသည်ဟု ခံစားရကြောင်း Twilight မင်းသား ရောဘတ်ပတ်တင်ဆန်က ဗြိတိန်အပတ်စဉ်ထုတ် မဂ္ဂဇင်းတစ်စောင်အား ပြောကြား လိုက်သည်။

ထို့ပြင် မိမိ၏ဘဝသည် ယခင်အချိန်နှင့် နှိုင်းယှဉ်မည်ဆိုပါက များစွာပေါ့ပါး လွတ်လပ်ပြီး ပျော်ရွှင်လျက်ရှိသည်ဟု The Twilight Saga: Breaking Dawn တွင်သွေးစုပ်ဖုတ်ကောင် အက်ဒွပ်ကူလန်အဖြစ် သရုပ်ဆောင်ရင်း အမျိုးသမီး ပရိသတ်များ၏ အားပေးမှုကို ရရှိလာသည့် ပတ်တင်ဆန်က OK! မဂ္ဂဇင်းသို့ ပြောသည်။

လူတချို့သည် ယခင်က မိမိအားစောင့် ကြည့်လေ့ရှိပြီး ယင်းသို့စောင့်ကြည့် ခံအဖြစ်မျိုးကို မုန်းတီးမိကြောင်း၊ သို့သော် ယခုအချိန်တွင် မိမိအနေဖြင့် ဆုံးဖြတ်ချက်များကို မိမိကိုယ်တိုင်ချမှတ်နိုင်ပြီဟု အသက် ၃၁ နှစ်အရွယ် ဗြိတိန်မင်းသား ပတ်တင်ဆန်က ထပ်လောင်းပြောကြား ထားသည်။

ပတ်တင်ဆန်သည် ၎င်းနှင့်အတူ ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ခရစ္စတင်းစတီးဝပ်နှင့် ၂ဝဝ၈ ခုနှစ်မှစ၍ ချစ်ကြိုက်ခဲ့သည်ဟု အနုပညာ အသိုင်းအဝိုင်းက ယူဆထားသော်လည်း ၎င်းတို့၏ အချစ်ဇာတ်လမ်းနှင့် ပတ်သက်၍ စတီးဝပ်က ၂ဝ၁၂ ခုနှစ် ဇူလိုင်လတွင် တရားဝင်ထုတ်ဖော် ပြောကြားသည်။

သို့သော် ၎င်းတို့နှစ်ဦးသည် ၂ဝ၁၂ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်ဟု ပတ်တင်ဆန်က ဗြိတိန်မဂ္ဂဇင်း တစ်စောင်အား ပြောကြားခဲ့သည်။

လက်ရှိတွင် ပတ်တင်ဆန်သည် အဆိုတော် FKA Twigs နှင့် ချစ်ကြိုက် လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

သံစဉ်နှင့် အသံပုံစံပြောင်းလဲ သီဆိုထားသည့် သီချင်းအယ်လ်ဘမ် ထွက်ရှိမည် Hip Hop အဆိုတော် ကြက်ဖ



ရန်ကုန် ၂၇-၆-၂၀၁၇

Hip Hop အဆိုတော်ကြက်ဖက သံစဉ်နှင့် အသံအမျိုးအစား ပြောင်းလဲဖန်တီးထားသည့် သီချင်းအယ်လ်ဘမ်ကို ၂ဝ၁၈ ခုနှစ်ဇွန်လတွင် ပရိသတ်များထံ ပေးအပ်သွားမည်ဟု ပြောသည်။

''အခုမှလုပ်နေတဲ့သီချင်း သုံး၊ လေးပုဒ်ပါမယ်။ သီချင်းတွေက အခုမှ လုပ်တယ်ဆိုပေမယ့် ပြီးခဲ့တဲ့တစ်နှစ်၊ နှစ်နှစ်ဝန်းကျင်ကလုပ် ထားတာပါ။၂ဝ၁၃ ခုနှစ်၊ ၂ဝ၁၄ ခုနှစ်နဲ့ ၂ဝ၁၅ ခုနှစ် ဝန်းကျင်က သီချင်းခြောက်ပုဒ်ပါမယ်။ ကျန်တဲ့သီချင်းလေးပုဒ်က ပြီးခဲ့တဲ့ငါးနှစ် ဝန်းကျင်ကပါ''ဟု ကြက်ဖက ပြောသည်။

အဆိုတော်ကြက်ဖ အနေဖြင့် ၎င်းဖန်တီးထားသည့် သီချင်းများနှင့် ပရိသတ်အကြိုက်မှာ တစ်ထပ်တည်းကျမည်ဟု ယူဆထားခြင်းကြောင့် ယခင်ကဖန်တီးခဲ့သည့် သီချင်းများကို ပရိသတ်ထံပေးမည် မဟုတ်တော့ဘဲ သီချင်းပုံစံ ပြောင်းလဲထားခြင်း ဖြစ်သည်။

''ဂီတပုံစံချည်းပဲ ပြောင်းပစ်မှာမဟုတ်ဘူး။ အသံအမျိုးအစားကိုလည်း ပြောင်းမယ်လို့ စဉ်းစားထားတယ်။ ကျွန်တော် အရင်ကအရမ်း ပေါက်ကွဲလွယ်တယ်။ သီချင်းတွေထဲမှာ အငြိုးအတေးတွေပါတယ်။ အချစ်နဲ့ပတ်သက်ပြီး အမုန်းနဲ့ အာဃာတတွေများတယ်။ ကိုယ်တစ်ယောက်တည်း အတွက်ခံစားချက်က ပြင်းထန်နေတယ်။ အခုကျွန်တော့်ရဲ့ အခွေမှာတော့ အဲဒါတွေ မထည့်တော့ဘူး။ အရမ်းကောင်းတဲ့ သီချင်းသုံးပုဒ်တောင် ထုတ်ပစ်လိုက်တယ် ''ဟု အဆိုတော် ကြက်ဖက ပြောသည်။

#Themyawadydaily

Monday, January 5, 2015

ဂျပန်ယွန်းထည်ပစ္စည်းများ ဈေးကွက်ဝင်ရောက် ယှဉ်ပြိုင် လာသော်လည်း မြန်မာ့အနုလက်ရာ ယွန်းထည်များကိုသာ လူကြိုက်ပိုမို များပြားလျက်ရှိ


မြန်မာ့လက်မှုအနုပညာစစ်စစ် ယွန်းထည်ပစ္စည်းများ

ညောင်ဦး ၊ ၅-၁-၂၀၁၅

ဂျပန်ယွန်းထည် ပစ္စည်းများ ပြည်တွင်း ဈေးကွက်တွင် မြန်မာ့ယွန်းထည် ပစ္စည်းများနှင့် ဈေးကွက် ယှဉ်ပြိုင်ရောင်းချ နေသော်လည်း မြန်မာ့ယွန်းထည် ပစ္စည်းများကို ဈေးကွက် ယှဉ်ပြိုင်နိုင်ခြင်း မရှိကြောင်း၊ ပုဂံ- ညောင်ဦး ဘုရားဖူး ခရီးသွား လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။

မြန်မာ့ယွန်းထည် များသည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် နေကြသည့် ကမ္ဘာလှည့် ခရီးသွားများ အတွက် မျက်စိ အကျဆုံး လက်ဆောင် ပစ္စည်းများ ဖြစ်နေသည့် အပြင် ပြည်တွင်း မှာလည်း ဘုရားကျောင်းကန် စသည့် ဘာသာရေး အဆောက်အအုံ များနှင့် နေအိမ် တိုက်ခန်းများတွင် အလှ ကျက်သရေ၊ ဂုဏ် ကျက်သရေ တစ်ခု အနေဖြင့် အသုံးပြုခဲ့ ကြပြီး ပြည်ပဈေးကွက် များသို့လည်း တင်ပို့ ရောင်းချမှုများ ရှိနေကြောင်း သိရသည်။

မြန်မာ့ယွန်းထည် ပစ္စည်းများမှာ ပြည်တွင်း၊ ပြည်ပ ဈေးကွက် ရှိနေသည့် မြန်မာ့ ယဉ်ကျေးမှု၊ မြန်မာ့ ပုံရိပ်များ ဖြစ်ကြောင်း သိရသည်။ မြန်မာ့ယွန်းထည် ပစ္စည်းများ၏ ပြည်တွင်း ဈေးကွက် များမှာ ပုဂံ၊ ညောင်ဦး စသည့် ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေများ၊ တန်ခိုးကြီး ဘုရားများရှိ ဈေးဆိုင်ခန်း များနှင့် မြန်မာ့ ယဉ်ကျေးမှု ပစ္စည်းများ ရောင်းချသည့် နေရာများ ဖြစ်ကြောင်း သိရသည်။

ယခုအခါ ပြည်တွင်း ယွန်းထည် ဈေးကွက်တွင် ဂျပန်ယွန်းထည် ပစ္စည်းများ ဝင်ရောက်လာပြီး ဈေးနှုန်း သက်သာစွာ နှင့် ဈေးကွက် ယှဉ်ပြိုင် နေရာယူ လာပြီ ဖြစ်သည်။ မြန်မာ့ယွန်းထည် ပစ္စည်းများသည် လက်မှုပညာ စစ်စစ်ဖြင့် ပြုလုပ်သည့် လက်မှုပစ္စည်း စစ်စစ် ဖြစ်သည့် အတွက် အရည်အသွေးမီ ယွန်းထည် ပစ္စည်းတစ်ခု ရရှိရန် အနည်းဆုံး ခြောက်လခန့် အချိန်ယူ ထုတ်လုပ် ရသည်။ ဂျပန်ယွန်းထည် ပစ္စည်း ထုတ်လုပ်ရာတွင် မြန်မာ့ယွန်းထည် ပစ္စည်းများထက် အချိန်ကုန် သက်သာပြီး ဈေးနှုန်း အရလည်း မြန်မာ့ယွန်းထည် များထက် ချိုသာမှု ရှိသော်လည်း မြန်မာ့ယွန်းထည် များမှာ မြန်မာ့လက်မှု ပညာ စစ်စစ်ဖြင့် အချိန်ယူကာ သေသပ် ကျနစွာဖြင့် လက်ရာ ကောင်းမွန်အောင် စနစ်တကျ လုပ်ကိုင် ဆောင်ရွက် ထားသောကြောင့် ဂျပန်ယွန်းထည် ပစ္စည်းများထက် ဈေးကွက်တွင် လူကြိုက် ပိုမို များလျက် ရှိနေကြောင်း သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Monday, July 22, 2013

မြန်မာနိုင်ငံတွင် ရုပ်ရှင်စတူဒီယိုများ ပေါ်ပေါက်လာစေရန် နိုင်ငံတော်က ရုပ်ရှင်အစည်းအရုံးသို့ ပြင်ဦးလွင်မြို့ အနီး၌ မြေဧက ၃၀ ပေးအပ်ထား


ရန်ကုန် ၊ ၂၂-၇-၂၀၁၃

ရုပ်ရှင် ရိုက်ကူးမှု၏ အဓိက လိုအပ်ချက် ဖြစ်သော ရုပ်ရှင် စတူဒီယိုများ ပေါ်ထွက် လာစေရန် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် များနှင့် ပူးပေါင်း ဆောင်ရွက် သွားရန် စီစဉ်ထားပြီး ရုပ်ရှင် စတူဒီယို တည်ဆောက်ရန် ပထမ အဆင့်အနေဖြင့် ပြင်ဦးလွင်မြို့ ၀က်ဝံရွာ အနီးရှိ မြေဧက ၃၀ ကို ရုပ်ရှင် အစည်းအရုံး ပိုင်အဖြစ် ပေးအပ် ထားကြောင်း သိရသည်။

ရုပ်ရှင်စတူဒီယို တည်ဆောက်မှု နှင့် ပတ်သက်၍ " ပြင်ဦးလွင် ၀က်ဝံရွာ အနီးမှ ရထားတဲ့ မြေဧက ၃၀ ကို ရုပ်ရှင်စတူဒီယို ဆောက်ဖို့ စီစဉ် ထားပါတယ် ၊ လောလောဆယ် မြေကွက် ရပြီ ဆိုတာနဲ့ စတူဒီယို တည်ဆောက်ဖို့ စီစဉ် သွားမှာပါ ၊ ပြင်ဦးလွင် မှာက ရုပ်ရှင် ဇာတ်ကား အများစု ကို သွားရောက် ရိုက်ကူးနေကျ ဆိုတော့ ရုပ်ရှင်စတူဒီယို ရှိလာမယ် ဆိုရင် ပိုပြီး အဆင်ပြေ လွယ်ကူ သွားမယ် ထင်ပါတယ် ၊ ပြင်ဦးလွင် မှာတစ်ခု ၊ ရန်ကုန်မှာ တစ်ခု ရုပ်ရှင်စတူဒီယို တွေ ပေါ်ပေါက် အောင်တော့ ကြိုးစား သွားမှာပါ .... " ဟု မြန်မာနိုင်ငံ ရုပ်ရျင် အစည်းအရုံး ဒုတိယ ဥက္ကဋ္ဌ (၂) ဦးအေးကြူလေး က ပြောကြား ခဲ့သည်။


" ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ဖို့ လုပ်ငန်းစီမံချက် များ ချမှတ် ဆောင်ရွက်ရာမှာ ရုပ်ရှင်စတူဒီယို တွေ ထွက်ပေါ် လာဖို့ အရေးတကြီး လိုအပ် ပါတယ် ၊ ဒေသတွင်း နိုင်ငံများကို သွားရောက် လေ့လာ ခဲ့ရာမှာ နိုင်ငံတိုင်း မှာ ရုပ်ရှင်စတူဒီယို တွေရှိတာကို လေ့လာ တွေ့ရှိ ရပါတယ် ၊ ရုပ်ရှင်စတူဒီယို တွေ ရှိခြင်းဟာ ရုပ်ရှင် ရိုက်ကူးမှု အပိုင်းမှာ ပိုမို လွယ်ကူစေပြီး ခမ်းနားမှု ၊ စနစ်ကျမှုလည်း ရှိစေတယ် ၊ ဒီအတွက် ရုပ်ရှင်စတူဒီယို တွေ ရှိဖို့ လိုအပ်တယ် ၊ ဒါကြောင့် လုပ်ငန်းစဉ် တစ်ခု အနေနဲ့ ရုပ်ရှင်စတူဒီယို တွေ တည်ဆောက် ဖို့ကို ထည့်သွင်း သွားမှာပါ ၊ ဒီလို တည်ဆောက် ရာမှာလည်း ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် များနဲ့ ပူးပေါင်း တည်ဆောက်ဖို့ စီစဉ် ထားပါတယ် ၊ လုပ်ငန်းစဉ် ကာလကိုတော့ ၂၀၁၄ ခုနှစ်အတွင်း အကောင် အထည်ဖော် နိုင်အောင် ကြိုးစား သွားမှာပါ .... " ဟု မြန်မာ့ ရုပ်ရှင် လုပ်ငန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့ကြောင်း သိရှိရသည်။

Wednesday, January 9, 2013

ရုပ်ရှင် အနုပညာသင်ကျောင်း အပတ်စဉ်(၃) ဖွင့်လှစ်မည်

ရုပ်ရှင် အနုပညာသင်ကျောင်း အပတ်စဉ်(၃) ဖွင့်လှစ်မည် ဇန်န၀ါရီလ(၉)ရက်နေ့ မြန်မာ့ ရုပ်ရှင်လုပ်ငန်းနှင့် မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံးတို့၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ် ထားသော ရုပ်ရှင် အနုပညာ သင်ကျောင်း သည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ပုလဲဥယျာဉ် အိမ်ရာ၊ ပုလဲ ကွန်ဒိုဝင်းတွင် တည်ရှိသည်။ ရုပ်ရှင် အနုပညာသင် ကျောင်းတွင် ကျောင်းအုပ် ဆရာကြီး အဖြစ် အကယ်ဒမီ ဒါရိုက်တာ စည်သူ ကြည်စိုးထွန်း က တာဝန်ယူ ဆောင်ရွက်လျက် ရှိပြီး အဆိုပါကျောင်း မှ ရုပ်ရှင် သရုပ်ဆောင် သင်တန်း အပတ်စဉ်(၁)နှင့် (၂)ကို အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ အပတ်စဉ်(၃)ကို ထပ်မံ ဖွင့်လှစ်မည် ဖြစ်၍ အနုပညာဖြင့် အောင်မြင် ထင်ရှားလိုသူများ၊ အနုပညာကို ချစ်မြတ်နိုးသူများ တက်ရောက် သင်ကြား နိုင်ကြောင်း၊ လူဦးရေ ကန့်သတ်ထားသဖြင့် အမြန်ဆုံး စာရင်းပေးသွင်း နိုင်ကြောင်းနှင့် ဆက်သွယ် စုံစမ်း မေးမြန်း လိုပါက ဖုန်း ၀၁၅၅၅၉၀၅၊ ၀၁၅၅၅၆၂၄၊ ၀၉၄၉၃၁၈၀၀၁၊ www.laurelartacademy.com ဖြစ်ကြောင်း သိရှိရသည်။

Friday, December 28, 2012

မန္တလေး စာပေ အနုပညာရှင်များ၊ သတင်းသမားများ ဦးစီး၍ ငလျင် ရံပုံငွေ ဖျော်ဖြေပွဲ ကျင်းပမည်

မန္တလေး စာပေ အနုပညာရှင်များ၊ သတင်းသမားများ ဦးစီး၍ ငလျင် ရံပုံငွေ ဖျော်ဖြေပွဲ ကျင်းပမည် ဒိဇင်ဘာ(၂၈)ရက်နေ့ မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ငလျင်ဒဏ်ခံရသူ များကို ကူညီနိုင်ရန်အတွက် မန္တလေးမြို့၊ စာပေ အနုပညာရှင်များ နှင့် သတင်းသမား များ ဦးစီး၍ ရံပုံငွေ ဖျော်ဖြေပွဲကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၅ ရက်နေ့တွင် အမျိုးသားဇာတ်ရုံ (မန္တလေး)၌ ကျင်းပ ပြုလုပ်မည် ဖြစ်သည်။ ဖျော်ဖြေပွဲတွင် မြို့မ တူရိယာ အသင်း၊ နိုင်ငံကျော် အဆိုတော်များ ဖြစ်ကြသော သန်းမြတ်စိုး၊ ဖိုးသောကြာ၊ စိုးစန္ဒာထွန်း၊ အိအိချွန် နှင့် အနုပညာရှင် များ၊ ချစ်စရာ၊ ထင်ပေါ်၊ ပေါစိန် တို့၏ အငြိမ့်ခန်း၊ ဧရာဝတီ ကဇာတ်၊ လူငယ်သဘင် များ၏ တစ်ခန်းရပ် ပြဇာတ် တို့ဖြင့် ဖျော်ဖြေ တင်ဆက်မည် ဖြစ်ကာ ပါဝင် ကူညီ လှူဒါန်း လိုသူများ အနေဖြင့် ညီညီဇော် (7 Day News ) ဖုန်း ၀၉၄၀၂၅၈၅၄၅၀ ၊ စည်သူလွင် (မြန်မာတိုင်းမ်ဂျာနယ်) ဖုန်း ၀၉၉၁၀၄၂၉၁၈ ၊ စန်းယုကျော် (မော်ဒန်၊ ကုမုဒြာ ဂျာနယ်) ဖုန်း ၀၉၄၄၄၂၂၅၅၂၅ ၊ မင်းကိုကို (ရန်ကုန်တိုင်းမ် ဂျာနယ်) ဖုန်း ၀၉၂၀၂၁၆၃၂ တို့အား ဆက်သွယ် လှူဒါန်း နိုင်ကြောင်း သိရှိရသည်။

Tuesday, December 18, 2012

မန္တလေးရနံ့ မြေငလျင် ရံပုံငွေ ပန်းချီပြပွဲ ကျင်းပမည်

မန္တလေးရနံ့ မြေငလျင် ရံပုံငွေ ပန်းချီပြပွဲ ကျင်းပမည် ဒီဇင်ဘာ(၁၈)ရက်နေ့ မန္တလေး၊ ပန်းချီအဖွဲ့မှ ဦးစီး၍ ``မန္တလေးရနံ့´´ မြေငလျင် ရံပုံငွေ ပန်းချီပြပွဲကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ ၈၄ လမ်း၊ ၃၁ လမ်းထောင့်ရှိ ဓမ္မသာလာ ဗိမ္မာန်တော်ကြီး တွင် ကျင်းပပြုလုပ်မည် ဖြစ်ရာ ပါဝင် ပြသလိုသော ပန်းချီဆရာ များအနေဖြင့် ဓမ္မသာလာ ဗိမ္မာန်သို့ ဒီဇင်ဘာ ၂၄ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထား၍ ပန်းချီကားများ ပေးပို့နိုင်ပါသည်။ ပါဝင် ပြသလိုသော ပန်းချီဆရာများ သည် ၃x၄ ပေ ဆိုက် အထက် ပန်းချီကား ၂ ကား၊ ၃x၄ ပေ အောက် ပန်းချီကား သုံးကား ပေးပို့နိုင်ပြီး သက်ဆိုင်ရာ မှန်ဘောင်နှင့် ချိတ်ဆွဲနိုင်ရမည် ဖြစ်ကာ ပန်းချီကား နောက်ဆုံးတွင် ရေးဆွဲသူ အမည်၊ ပန်းချီကား အမည်၊ ရေးဆွဲသည့် မီဒီယမ် အမျိုးအစား နှင့် ရောင်းချ ဈေးနှုန်း စသည်တို့ ပြည်စုံစွာ ဖော်ပြ၍ ရောင်းရငွေ ၃၀%ကို ငလျင်ရံပုံငွေ အဖြစ် လှူဒါန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger