www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 8, 2019

ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံသို့ ဆေးပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း

ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံသို့  ဆေးပဒေသာပင် အလှူငွေများ ပေးအပ်လှူဒါန်း
-
နေပြည်တော် ဖေဖော်ဝါရီ  ၇ 
-
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံသို့ ကာကွယ်ရေးဦးစီးချုပ် ရုံး(ကြည်း)၊ ဆက်သွယ်ရေး ညွှန်ကြားရေးမှူး ရုံးမိသားစုများမှ ဆေးပဒေသာပင်အလှူငွေများပေးအပ်လှူဒါန်းခြင်းကိုယနေ့နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ ပြုလုပ်ရာ ဆက်သွယ်ရေးညွှန်ကြားရေး မှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်သော်လွင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဆေးရုံမှတာဝန်ရှိသူများတက်ရောက်ကြသည်။ ဦးစွာညွှန်ကြားရေးမှူးက လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 
-
ထို့နောက် ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေကျပ် ၁၁ သိန်းကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger